၂၀၂၂၊ နိုဝင်ဘာ ၂၉
စီးပွားရေးလုပ်ငန်းရှင်ဦးဇော်ဇော် ပိုင်ဆိုင်သည့်
ဧရာဝတီဘဏ်ကို အများနှင့် သက်ဆိုင်သည့်
ကုမ္ပဏီအဖြစ် ပြောင်းလဲရန် စီစဥ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်
မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်
အမှတ်-၄၁၆ ရှိ ဧရာဝတီဘဏ်လီမိတတ်ကို
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ - ၅၈ (ခ) အရ
အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ
အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ အဖြစ်သို့
ပြောင်းလဲရန် ကုမ္ပဏီများဆိုင်ရာ
မှတ်ပုံတင်အရာရှိထံ တင်ပြထားခြင်း ဖြစ်သည်။