ညောင်နှစ်ပင် စက်မှုဇုန်အနီးတွင် အထောက်အထားမဲ့ ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၇၀ ကျော် ဖမ်းဆီးရမိ



၂၀၂၂ ၊ ဒီဇင်ဘာ ၅
ရန်ကုန်မြို့ ညောင်နှစ်ပင်စက်မှုဇုန် (၁) မှော်ဘီ - လှည်းကူးနယ်စပ် M-4 C5 လမ်းဆုံတွင် အထောက်အထားမဲ့ ဝင်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၇၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ရက်နေ့ည ၉နာရီခွဲအချိန်တွင် အဆိုပါလမ်းဆုံတွင် ဗမာလူမျိုး အမျိုးသား (၂) ဦးမောင်းနှင်သည့် ဂျင်း အိတ်များ သယ်ဆောင်လာသော (၁၂) ဘီးကား (အရောင် - အဖြူကျား)တစ်စီး လမ်းဘေးမြောင်း အတွင်း ထိုးကျတိမ်းမှောက် ခဲ့ရာ ကားပေါ်တွင် ဘင်္ဂါလီလူမျိုးများတွေ့ရှိကြောင်း သတင်းရရှိသည့်အတွက် ပူးပေါင်းအဖွဲ့ဖြင့်သွား ရောက်စစ်ဆေးခဲ့ကြောင်း၊ ဂျင်းအိတ်များအောက်တွင် အံဝှက်ပြုလုပ်ထားသည့်နေရာ၌ ပုန်းခိုလိုက်ပါလာခဲ့သည့် ဘင်္ဂါလီလူမျိုး ကျား (၅၄) ဦး၊ မ (၁၄) ဦး၊ စုစုပေါင်း (၆၈)ဦး ဖမ်းဆီးရမိခဲ့ပြီး လှည်းကူးမြို့မရဲစခန်းသို့ပို့ဆောင်ခဲ့ပြီးနောက် ထပ်မံ၍ဖြစ်စဉ် နေရာအနီးတွင် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၂နာရီအချိန်တွင် ဘင်္ဂါလီတစ်ဦး(ကျား/၁၈)နှစ်အား၎င်း၊နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃နာရီတွင် ဖြစ်စဉ်နေရာနှင့် တစ်မိုင်ခန့်အကွာတွင် နောက်ထပ် ၂ ဦး (ကျား/၁၆နှစ်)နှင့် (ကျား/၁၉နှစ်)တို့အား ဖမ်းဆီးရမိသဖြင့် စုစုပေါင်းမှာ ၇၁ ဦး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
၎င်း ၇၁ ဦးအနက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်ကြောင်း၊ ပွဲစားပါ မပါကိုမူမ သိရှိရဘဲ ယာဉ်မောင်း ၂ ဦးမှာလည်း ယာဉ်တိမ်းမှောက်ကတည်းကထွက်ပြေးတိမ်းရှောင်နေကြောင်း၊ယာဉ်ပိုင်ရှင်/ယာဉ်မောင်းတို့၏ အချက်အလက်များအား လှည်ကူးမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအား လ.ဝ.က အက် ၃(၁)/၁၃(၁)ဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် ကျန်ဘင်္ဂါလီများ၏အရေးယူနိုင်ရန် နိုင်ငံသားနှင့် ဖြစ်စဉ်အားအသေးစိတ် သိရှိနိုင်ရေး စစ်ဆေးမေးမြန်းဖော်ထုတ်ဆဲဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

Total Views ~ 221

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.