တော်လှန်ရေးအမည်ခံတွေကို သွေးပျက် လာစေသည့် ပြည်သူ့စစ်မှုထမ်းများ

၂၀၂၄ ဧပြီ ၆

သူရဲကောင်းကြီးတဲ့လား
    သူတို့ရဲ့ သူရဲကောင်းကြီးဆိုသူအတွက် ကျီးကန်းများကဲ့သို့ အာနေသူ များနေသောကြောင့် ထိုသူရဲ ကောင်းကြီးဆိုသူ၏ အကြောင်းကို ပြန်၍ရှာဖွေကြည့် မိသည်။ ပြန်၍ရှာဖွေကြည့်မိသည်ဆိုသည်က သူတို့အားကျသည့် သူရဲကောင်း၊ သူတို့စံထားသည့်သူရဲကောင်း၊ သူတို့လေးစား အားကျသည့် သူဆိုသည်မှာ မည်ကဲ့သို့ စံတန်ဖိုးများ ရှိသနည်းဟု သိလိုသောကြောင့်ဖြစ်သည်။သားစိုး၏ သီချင်း တစ်ပုဒ်အစတွင်ပါသည့် 'မိုက်ကယ်၊ မိုက်ကယ်'ဆိုသည့်အတိုင်း သူတို့၏ သူရဲကောင်းမိုက်ကယ် အကြောင်းပင်ဖြစ်သည်။ 
    အစက သူ့ဟာသူ မိုက်ကယ်ဘာလုပ်နေတယ်ရယ်လို့ သိပ်မသိပေ။ မိုက်ကယ်ဖမ်းခံရပြီဆိုမှ သူနှင့် ပတ်သက်သည့် သတင်းစကားမျိုးစုံက ဆိုရှယ်ပလက် ဖောင်းတွင် ရှောင်လွှဲမရအောင် တွေ့မြင်နေရသောကြောင့် စေ့ငုခြင်းဖြစ်သည်။ အကြောင်းက ထိုင်းနိုင်ငံတွင် မိုက်ကယ်အဖမ်းခံရပြီး အချုပ်ထဲရောက်သွားသည်က စရမည်ဖြစ်သည်။ မိုက်ကယ်အဖမ်းခံရချိန်မှာ မိုက်ကယ်ကဲ့သို့ သူရဲကောင်း အရေးတော်ပုံတွင် အရေးပါသူ  မကြာမီ ပြန်လည်လွတ်လာလိမ့်မည်ဟု ပြောဆိုနေကြရင်း မှလူပိုသိလာခြင်းဖြစ်သည်။ တော်လှန်ရေးဟုဆိုကာ အရေးတော်ပုံအတွက် ထောက်ပို့ အလှူခံစားနေ ရင်း နောက်မိန်းမယူသွားသည့် စိုးလွင်ဆိုသူကလည်း မိုက်ကယ်ကို သူတတ်စွမ်းသမျှ ကူညီပါမည်ဆို သည့်အကြောင်း တိုက်ရိုက်ထုတ်လွှင့်ကာ ပြောလေသည်။ ပုလင်းတူဘူးဆို့ချင်း ဆိုသောအခါ မိုက်ကယ်အဖမ်းခံရချိန် စိုးလွင်လည်း နောက်မိန်းမယူသောကြောင့် ပျက်နေသောနာမည် ပြန်လည်အ ဖတ်ဆယ်လိုသဖြင့် ကူညီမည်ဟုဆို ပြန်သည်။ သည်ကြားထဲ မိုက်ကယ်ဘယ်တုန်းက Movie ဖိုင်မှန်း မသိ ထိုင်းရဲဖမ်းခံရပြီး လွတ်မြောက်လာသည့် အကြောင်းကို ပြန်တင်သူကတင်သဖြင့် ပွဲတော်တော်ဆူ သွားလေသည်။ မိုက်ကယ်က ဘယ်လိုလူမျိုးလဲဟုပို၍ သိချင်မိသွားလေသည်။ ထို့ကြောင့် ရှာဖွေမိသည်။
    မိုက်ကယ်ဆိုသူက ထိုင်းရောက်မြန်မာနိုင်ငံ သားများထံက  လစဉ်ကြေးအလှူငွေကောက်ခံ သည်ဟုဆိုကာ တစ်နည်းအားဖြင့် မိုက်ကြေးခွဲနေသူဆိုသည်ကို သိလိုက်ရသည်။ ကြည့်ဦး။ သူအလှူခံ ပုံက "ဒီလူတွေက ဘတ် ၃၀၀ ထည့်ပြီးပြီ၊ ဟိုအဖွဲ့ကဘာလို့ မထည့်သေးတာလဲ၊ မထည့်သေးတဲ့ သူတွေ တော်လှန်ရေးကို မျက်ကွယ်ပြုတဲ့လူတွေ"စသဖြင့် ပြောဆိုကာ ကြိမ်လုံးဖြင့် ငွေကြေးမ ထည့်ဝင်ရသေးသူများကို ရိုက်နှက်နေသည့် Movie လည်း အများအပြားရှိသည်။ ဒါလားသူတို့၏ သူရဲကောင်းဆိုသူဟု ရေရွတ်မိသည်။ မိုက်ကယ်ဘာ ကြောင့်အဖမ်းခံရသလဲဟု ပြန်ကြည့်လျှင် တော်လှန်ရေး ဘက်တော်သားများဆိုသည့်အဖွဲ့က မျက်နှာပြောင်တိုက် သည့်အချက်ကို သွား၍တွေ့ရ သည်။ မိုက်ကယ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သေနတ်ဖြင့်ပစ် သတ်လိုက်သဖြင့် ထိုင်းရဲကဝင်ရောက်ဖမ်းဆီးရာ လက်နက်နှင့်အတူ သူ၏နောက်လိုက်နောက်ပါ ၁၅ ယောက်ခန့် အဖမ်း ခံလိုက်ရသည်။ ထိုသို့ အဖမ်းခံရခြင်းကိုပင် နွေဦးဆရာတော်ဆိုသူက "ကိုမိုက်ကယ်အဖမ်းခံရတာ ဟုတ်ပါတယ်၊ မကြာခင် ပြန်လွတ်လာပါလိမ့်မယ်။ ကို မိုက်ကယ်က မြန်မာနိုင်ငံက ပျူတစ်ယောက်ကို သတ်လိုက်လို့ အဖမ်းခံရတာပါ။ ကိုမိုက်ကယ်သတ်လိုက်တဲ့ ပျူဆိုတာကလည်း မြန်မာနိုင်ငံမှာ လူပေါင်းများစွာကို သတ်ခဲ့တဲ့သူပါ"ဟု ဝင်၍ပြောလေသည်။ နွေဦးဆရာ တော်ဆိုသည့် မိန်းမရှုပ်သည့် ဇာတ်လမ်းကို မရှင်းနိုင်သူ ပြောသည့်စကားကိုလည်း ကြည့်ဦး။ မိုက်ကယ်သတ်ခဲ့သည့်သူသည် မြန်မာနိုင်ငံက ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်ပျူဟု ပြောကြားသွားသည့်အချက်ကို ပြောလို ပါသည်။ မြန်မာနိုင်ငံသားပြည်သူများစွာဆို သည့်စကားတွင် 'များစွာ'ဆိုသည့် အသုံးအနှုန်းကို သတိထားမိကြလားမသိ။ ထိုများစွာ ဆိုသည့်စကားတွင် မည်သည့်အထောက်အထား၊ မည်သည့်အချက်အ လက်၊ မည်သည်ကို ကိုးကားပြောဆိုခြင်းမပါဘဲ မိုက်ကယ်သတ်ခဲ့သည့်သူသည် လူပေါင်းများစွာကို သတ်ခဲ့သူဖြစ် ခြင်းကြောင့် မိုက်ကယ်သည် သူရဲကောင်းဖြစ်ကြောင်း ပြောသကဲ့သို့ ဖြစ်သွားလေသည်။ အရေးတော်ပုံ ဘက်တော်သားဆိုလျှင် လူသတ်ပါစေ၊ အဓမ္မမှုကျူးလွန်ပါစေ သူရဲကောင်းဖြစ်အောင် ပြိုင်တူပုံဖော်ကြပါလားဟု သတိထားမိသည်။ သည်အထဲ သူများကိုသေနတ်ဖြင့် ပစ်သတ်၊ မူးယစ်ဆေး ဝါးမှုစသည့် အမှုများဖြင့် ဖမ်းမိသူ ကိုပင် 'သူတော်ကောင်းကို နတ်ကောင်းမမှာပါ'ဆိုသည့် မှတ်ချက်မျိုး ကလည်း တွေ့ရသေးသည်။
    သူတို့၏ သူရဲကောင်းဆိုသည်က အလုပ်သမားများကို ရိုက်နှက်၊ ဆက်ကြေးကောက်၊ လက်နက်ကိုင် လူသတ်မူးယစ်ဆေးဝါးချနေသော်လည်း အရေးတော်ပုံ တံဆိပ်အောက်တွင် သူရဲ ကောင်းကြီးဖြစ်သွားသည်ကို  အံ့သြမိသွားလေတော့သည်။


ပျော်နေသူတစ်ဦး
    နွေအပူက ရင့်သည်ထက်ရင့်လာနေလေပြီ ဖြစ်သည်။ နွေအပူရင့်သည်ထက်ရင့်လာသကဲ့သို့ လျှပ်စစ်မီးသည်လည်း တိုး၍တိုး၍ ပြတ်တောက်လာခဲ့ပြီ ဖြစ်သည်။ တောဓလေ့၊ တောအရပ်တွင် နေခဲ့သူများအဖို့ လျှပ်စစ်မီးကို ဟိုးယခင်ကတည်းက အားကိုးအားထား မပြုခဲ့သောကြောင့် လျှပ်စစ်မီး လာချင်လာ၊ ပြတ်ချင်ပြတ်၊ များသောအားဖြင့် သိပ်အလေးထားလေ့မရှိကြပေ။ မြို့ကြီးပြကြီးက မြို့ကြီးသားမြို့ကြီးသူများမှာသာ တိုး၍ပြတ် တောက်သော လျှပ်စစ်မီးကြောင့် ငါးပြေမ ကုန်းပေါ်တင် ထားသကဲ့သို့ ဖျပ်ဖျပ်လူးနေကြလေသည်။ တောနှင့်မြို့ လူဦးရေသိပ်သည်းဆသည်လည်း ကွာခြား သောအခါ တောနေလူတန်းစားသည် ဒီနေရာကပူလျှင် သစ်ပင်ရိပ်၊ ဝါးပင်ရိပ်တွင် တစ်နေတစ်မိုး အပူရှောင်စရာ ရှိကြသေး၏။ မြို့ပြတွင်နေသူများအဖို့ ကျဉ်းကျပ်သည့်တိုက်ခန်းထဲတွင် မွန်းကျပ်ပိတ် လှောင်ထားသည့် ခံစားချက်က ပူပေရှာမပေါ့။ သည်တော့ နွေနေပူပူတွင် ဆိုလာကုမ္ပဏီများ လက်မ လည်အောင် အရောင်းအဝယ်ကောင်းနေကြသည်။ တတ်နိုင်သည့်သူများက ဆိုလာဝယ်နိုင်သော် လည်း၊ မတတ်နိုင်သည့်သူများက ထမင်းချက်ရန်မီးသွေးကိုပင် မဝယ်နိုင်ကြချေ။ သည်ရက်ပိုင်း မြင်တွေ့ရသည့် အကြောင်းအရာလေးတစ်ခုကို မျှဝေလိုပါသည်။
    ဒဂုံဆိပ်ကမ်း(၁၆၈)ရပ်ကွက်က အကြောင်းအ ရာလေးဖြစ်သည်။ ထိုရပ်ကွက်သို့ အလှူရှင်များက ထမင်းလာရောက်လှူဒါန်းလေသည်။ ထမင်းလာရောက် လှူဒါန်းသောအခါ ထမင်းလာယူသည့် လူတန်းကြီးသည်လည်း မနည်းမနော တန်းစီနေကြ၏။ ထိုတန်းစီနေသူ များ၏ထဲက အသက် (၅၀) ကျော် အမျိုးသမီးကြီးက ထမင်းယူမည့် ဇလုံကလေးကို တီးကာ "ထမင်းစားရတော့ မယ်ဟေ့၊ ထမင်းစားရတော့မယ်"ဆိုပြီး ဝမ်းသာအားရ ကခုန်နေလေသည်။ သူတို့အချင်းချင်း ပြောနေသည့် စကားများနှင့် အနီးအနားက ပြောသူများ၏မှတ်ချက်များအရ မီးပြတ်လွန်းပြီး မီးသွေးမဝယ်နိုင်သော ကြောင့် ထမင်းမချက်နိုင်ဖြစ်ရသည်ဟု သိရလေသည်။ ပြောကြ ဆိုကြသေးသည်။ ဒါမြန်မာနိုင်ငံလား။ ဒီလိုတွေတောင် ဖြစ်ကုန်ပြီလား စသဖြင့် မှတ်ချက်မျိုးစုံ ပေးကြကုန်လေသည်။ လျှပ်စစ်တာဝါတိုင်ချိုးစဉ်က "ဒါမှတော်လှန်ရေး"ဟု ကြွေးကြော်လက်ခုပ်လက်ဝါးတီးခဲ့သူများက မီးပြတ်သည့်အခါ၊ ပူအိုက်လွန်းသည့်အခါ၊ ထမင်းချက်ရန်မီးမရ သည့်အခါမျိုးမှ တစ်ဖက်တည်းကို အပြစ်တင်ပြောဆိုနေ ကြသည်ကိုလည်း အံ့သြရပြန်သည်။


ဖျက်ဆီးကြပြီလား
    ယဉ်ကျေးမှုသင်္ကြန်၊ ရိုးရာသင်္ကြန်၊ နှစ်ကူးသင်္ကြန် စသဖြင့် မျိုးစုံအမည်တပ်၍ခေါ်သော်ငြား လည်း မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကို မြန်မာတိုင်းတန်ဖိုး ထားကြပါသည်။ အကြောင်းအမျိုးမျိုး ကြောင့် သင်္ကြန်ကို မည်သို့ ပြောနေစေကာမူ သင်္ကြန်နားနီးလျှင် သင်္ကြန်ကျ လျှင်သင်္ကြန်ပိုးက တိုးလာကြရဲ့မဟုတ်လား။ နှစ်ဟောင်းကုန်ဆုံးလွန်မြောက်ပြီး နှစ်သစ်အတွက်ကြိုဆိုသည့် သင်္ကြန်ပွဲ ကို ရည်ရွယ်ချက်မျိုးစုံဖြင့် ဖြတ်သန်းကြသည်။ တချို့က သူငယ်ချင်းများနှင့်စုစပ်ပြီး မြို့အနှံ့လည်ကြမည်။ တချို့က မဏ္ဍပ်ထိုင်ကာ ရေကစားမည်။ တချို့က သင်္ကြန်တွင်း စီးပွားရှာ၍ကောင်းသဖြင့် စည်း ပွားရှာကြမည်။ တချို့က အခါကြီးရက္ခ်ကြီးဖြစ်သည့် အားလျော်စွာ ရခဲလှသည့်လူ့ဘဝတွင် ဒုလ္လဘ ဝတ်မည်၊ တရားစခန်း ဝင်မည်စသဖြင့် ပျော်သူကလည်းအပျော်အတွက်၊ စီးပွား ရှာမည့်သူကလည်း စီးပွားရှာရန် ကောင်းမှုကုသိုလ်ကို ရည်သန်သည့်သူများကလည်း ကောင်းမှုကုသိုလ်အတွက် သင်္ကြန်မရောက်ခင်ကတည်းက စိတ်ကူးရွက်လွှင့်ခဲ့ကြ သည်မဟုတ်လော။
    သင်္ကြန်သည်မင်္ဂလာရှိသောသင်္ကြန်၊ ကုသိုလ်များနှင့် ထုံမွှမ်းနေသောအခါသမယ၊ တစ်နှစ်တာ ပင်ပန်းမှုကို ပျော်ရွှင်ခြင်းဖြင့် ဖြတ်သန်းသည့်အချိန် သည်လိုကာလကို တေးရေးဆရာကြီး မြို့မငြိမ်း သည်ပင်လျှင် 'ရက်မြတ်သင်္ကြန်'ဆိုသည့်သီချင်းဖြင့် ဖွဲ့နွဲ့ခဲ့ရာ သည်ကနေ့အထိ ဆိုကြတီးကြမှုတ်ကြ၊ ကကြခုန်ကြဆဲ မဟုတ် လား။ ရိုးရိုးသင်္ကြန်မဟုတ် ရက်မြတ်သင်္ကြန်ဟုပင် သီချင်းအမည်ပေးခဲ့သည်။ သည်နှစ် သင်္ကြန်ချိန်ခါပင် မရောက်သေး စိတ်ပျက်စရာနှင့်စ၍ ကြုံတွေ့နေရသည် ဟုဆိုရ မည်ဖြစ်သည်။ 'ချန်လုံး အလှပြင်သင်တန်းကျောင်း'က သင်္ကြန်သီချင်းနှင့်ပတ်သက်ပြီး ရိုက်ကူးတင် ဆက်ထုတ်လွှင့်လိုက်သည့် Movie ကိုကြည့်ပြီး တော်တော်ကို စိတ်ပျက်ရသည်ဟုဆိုရမည်ဖြစ်သည်။ သီချင်း ခေါင်းစဉ်က 'စောင့် ပက်'ဟူသတတ်။ သီချင်းခေါင်းစဉ်ကသာ စောင့်ပက်သူသော်လည်း သီဆိုသောအခါဝယ် 'င'သတ်သံမထွက်ဘဲ 'က'သတ်သံဖြင့်ဆိုလေရာ စောင့်မှာ စောက်ဖြစ်သွားလေသည်။
    ထို့ကြောင့် စောင့်ပက်မှ ဖတ်သာကြည့်၊ နားထောင်သာကြည်တော့ဟု ဆိုရမည်ဖြစ်သည်။ ဒါလား အနုပညာ။ ဒါလားသီချင်း။ ဒါလား မြန်မာ့ရိုးရာသင်္ကြန်ကို  သည်ကဲ့သို့ ကြိုဆိုရမလားဟု အနားတွင်နီးလျှင် တစ်ခါမေး နားရင်းတစ်ခါ အုပ်ချင်စိတ်ပင် ဖြစ်မိသည်။ ဂီတ အနုပညာဆိုသည်မှာ အကြမ်းဖျင်းပြောရလျှင် လူ၏နှလုံးသားကို ညွှတ်နူးစေရမည်မဟုတ်လား။ နားရင်းအုပ် ချင်လောက် အောင် ကောင်းသည့်သီချင်း သည်တစ်ခါပဲ တွေ့ဖူးသည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော်ကဲ့သို့ပင် နားရင်းအုပ်ချင်သူများ၍လားမသိ လုပ်ချင်ရာလုပ်ပြီး သူတို့ထုံးစံအတိုင်း လက်အုပ်လေးချီပြီး တောင်းပန်သည့် Movie လေးတင်လာလေသည်။ သင်္ကြန်ကိုအပျော်သဘောနဲ့ ပျော်စေချင်၍ လုပ်မိခြင်းဟုဆို လေသည်။ အမျိုး သမီးအင်္ဂါနှင့် နှိုင်း၍ဆိုခဲ့ခြင်းမဟုတ်ဘဲ စောင့်ပက်ဆို သည်ကို ပီပီသသဆိုခြင်းဖြစ်ပြီး အချို့နေရာများတွင် စကားမပီခြင်းဖြစ်ကြောင်း ဖင်ပိတ်တောင်းပန်နေလေ သည်။ စကားမပီရအောင် ဒင်းရုပ်ကိုကြည့်လျှင် သားသမီးပင်မက မြေးပင်ရလောက်သည့်အရွယ် ကလေးမ ဟုတ်၊ သူငယ်မ ဟုတ်သင်္ကြန်ကိုနောက်စရာလား၊ ပြောင်စရာလားဟု အနီးရှိလျှင် နားရင်ထပ်၍ အုပ်ချင်ပြန်၏။ တော်ရုံစိတ်တိုလေ့မရှိ စာထဲတွင် ဒေါသသင့်သော အကြောင်းအရာများ မရေးလိုသော်လည်း တစ်မျိုး သားလုံးနှင့်ဆိုင်သည့် ယဉ်ကျေးမှုသင်္ကြန်ကိုပေါ်တင်စော်ကား သည်ဟုခံစားချက်ကြောင့် နားရင်း အုပ်ချင်ခြင်း ဖြစ်ပါသည်။


တော်လှန်ရေးအမည်ခံများ သွေးပျက်လာသည့်ပြည်သူ့ စစ်မှုထမ်းများ
    "စစ်မှုထမ်းကိစ္စကတော့ နီပိတ်တွေရဲ့ ဆိုက်ဝါး ရာခိုင်နှုန်း ၈၀ ကို တိုက်ဖျက်ပစ်နိုင်ပြီ။ ဒါပေမဲ့ အခြေခံတပ်သားသစ် သင်တန်းဆင်းပြီးရင် နောက်တစ်မျိုး ပုံစံနဲ့ ဝါဒဖြန့်လာနိုင်သေးတယ်"ဆိုသည့် မှတ်ချက်တစ်ခု လူမှုကွန်ရက်တွင် ဖတ်လိုက်ရသည်။ စစ်မှုထမ်းအကြောင်းပြောရလျှင် ထိုဂယက်က ယခုထိကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော် တို့နယ်ဘက်တွင်ရှိသည့် အမျိုးတစ်ယောက်က ဖုန်းဖြင့် ဆက်သွယ်လာသည်။ အသက် (၂၀) ဝန်းကျင်ရှိ သူ၏ သားစစ်မှုထမ်းရ မည့်အရေးနှင့် ပတ်သက်၍ဖြစ်သည်။ "တစ်ရွာမှာ တစ်ယောက်လောက်ပဲခေါ်တဲ့ဟာ ဘာတွေ စိုးရိမ်နေ လဲ"ဟုပြောလိုက်ရာ သူပြန်ပြောပြသည်များက    ပြောတော့သာ လွယ်နေသည်မှာ ဟိုပုန်းသည်ရှောင် သည့်သူများလည်း ရှိသည်ဟုဆိုသည်။ မဲနှိုက်ရသည်ဟုလည်း ပြောသည်။ သို့ကြောင့် တစ်ရွာတွင်တစ်ယောက် ခန့်သာပါဝင်ရမည်ဆိုလျှင် စစ်မှုထမ်းရမည့်သူအတွက် ရွာသူရွာသားများက လစဉ်တစ်အိမ်ထောင်လျှင် နှစ်ထောင်ကျပ် ထောက်ပံ့ဦး အစိုးရကပေးသည့်ရိက္ခာလစာ နှင့် သူ၏မိ သားစုပို၍ပင် သာယာသွားဦးမည်ဟု ဆိုလိုက်လေသည်။ သူက "နင်ပြောသလိုဖြစ်ရင်တော့ ကောင်း တာပေါ့၊ ရွာတွေမှာက အကုန်ကြောက်နေရတာ"ဟုဆိုလေသည်။ လတ်တလော အခြေအနေတွင်မ တော့ ထိုကဲ့သို့ ဖြစ်နေသည်မှာမှန်ပေမည်။ အစဦးဆုံးဖြစ်သောအခါ စစ်နှင့်မနီးစပ်ခဲ့ဖူးသည့်သူများက ကြောက်ရွံ့ကြခြင်းမှာလည်း အပြစ်ပြော၍မရနိုင်ပေ။ ထိုအကြောင်း နှင့်ပတ်သက်ပြီး မုံရွာကသူ ငယ်ချင်းကပဲ ဖုန်းဆက်၍လာလေသည်။ သူစုံစမ်းရသလောက် စစ်မှုထမ်းဥပဒေအသက်သွင်းပြီး အပတ်စဉ် (၁) စစ်မှုထမ်းမည့် သူများ ဝင်ရောက်လာမှု ကြိုဆိုနေသည့်မြင်ကွင်းစသည် တို့ကို NUG ဘက်က သွေးပျက်ကြသည်ဟု ဆိုလေသည်။သို့မို့ ကြောင့် စစ်မှုထမ်းဥပဒေ အလိုမရှိ ဘာညာဆိုကာ လူမရှိသည့် တောနက်ထဲတွင် ဆန္ဒပြပွဲများလုပ်နေကြ သည်ကိုလည်း တွေ့နေရကြောင်းဆိုလေသည်။ သည်အထဲ PDF များကလည်း စစ်မှုမထမ်းချင်သူများ သူတို့ထံ ဝင်လာသင့်ကြောင်းမျိုးစုံ ကြေညာ ချက်ထုတ်နေကြလေသည်။ သူတို့တောင် သူများပေးစာကမ်းစာတောင်းရမ်းစားနေရပြီး နောက်လူကို ထပ်ခေါ်နေကြသေးသည်ဟု ဆိုသူကလည်း ဆိုနေကြလေသည်။ ထိုဥပဒေစတင် အသက်ဝင်လှုပ်ရှား လာကတည်းက NUG ဘက်က ရန်ကုန်ကဲ့သို့ နေရာများတွင် ဗုံးခွဲခြင်း၊ အုပ်ကြီးများကိုသတ်ဖြတ်ခြင်း၊ ရဟန်း၊ သာမဏေ၊ သီလရှင်များကို ပို၍သတ် ဖြတ်လာခြင်းသည် တိုက်ဆိုင်ခြင်းမဟုတ်ပေ။ သူငယ် ချင်းဖြစ်သူက ယခုစစ်မှုထမ်းဥပဒေ အသက်ဝင်ကတည်းက ဟိုဘက်ရပ်ကွက်တုန်လှုပ်နေသည်မှာ မြင်မကောင်း အောင်ရှိကြောင်း သည်ဥပဒေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး အမြန်ဆုံးဖြစ်အောင် တတ်နိုင်သည့်ဘက်က မည်သို့ပါဝင်သင့်ကြောင်းပင် အကြံတောင်းနေလေသည်။ အထက်တွင်ဆိုခဲ့ သည့်အတိုင်း တစ်ရွာတစ်ယောက် မဲမဖောက်ရအောင် စစ်မှုထမ်းမည့်သူကို အစိုးရက လစာရိက္ခာပေး သကဲ့သို့ ရပ်ရွာကလည်း သူ၏မိသားစုကို သူရဲကောင်းသဖွယ် ထောက်ပံ့လျှင်စစ်မှုထမ်း ချင်သူများ၍ စစ်မှုထမ်းခွင့်ရရန် မဲပင်ပြန်ဖောက်ရဦး မည်ဟု ပြောဖြစ်ခဲ့သည်။ အုပ်ကြီးတွေချည်းပဲ စားခွင်မဖြစ်ဘဲ အမှန်တကယ် စစ်မှုထမ်းမည့်မိသားစုကို ရပ်ရွာက ကြည့်ရှုစောင့်ရှောက်ထောက်ပံ့သည့်စနစ်သို့ ရောက်လျှင် ပို၍ကောင်းမည်ဟု ထင်မြင်မိပါသည်။ စစ်ကိုခေါ်နေသည့်ဒေသ သည်လောက်များသည့် တိုင်းပြည်တွင် စစ်သည်တော်များကို အားပေးချီးမြှောက်ခြင်းဖြင့် မိမိ နိုင်ငံ၊ မိမိမြို့ရွာ၊ မိမိအိုးအိမ်ကို ကာကွယ်ရမည်ဆိုသည့် အမြင်များ ပိုမိုကျယ်ပြန့်စွာ သိမြင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ သည်ဥပဒေစတင်အသက်ဝင်သည်နှင့် ဟိုဘက်မှာ သွေးပျက်နေရဲ့ မဟုတ်လား။ ( ရွှေထီး) 

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 2390

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.