နိုင်ငံခြားရေးဝန်ကြီး (ဟောင်း) ဦးဝဏ္ဏမောင်လွင်၊  နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား စည်သူဘွဲ့ ချီးမြှင့်

ရန်ကုန်၊ မတ် ၅
    နိုင်ငံခြားရေးဝန်ကြီး(ဟောင်း)ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ (စည်သူ ဘွဲ့)ချီးမြှင့်ပေးအပ်ကြောင်း အမိန့်ကြော်ငြာ စာအမှတ် ၄၇/၂၀၂၅ ဖြင့် မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
    'စည်သူဘွဲ့'အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ဟောင်း)၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ကို ချီးမြှင့်ခဲ့သည်။
    ထို့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် (ငြိမ်း) ဦးအောင်သောင်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ (ငြိမ်း) ဦးအောင်မင်း၊ ပြည်‌ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ(ငြိမ်း)၊ ဦးသိန်းဇော်၊ ပြည် ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ အဖွဲ့ဝင်(ငြိမ်း)ဦးခင်မောင်စိုးတို့အား 'စည်သူဘွဲ့' ချီးမြှင့်ခဲ့သည်။
    ထို့အတူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ အဖွဲ့ဝင်(ငြိမ်း) ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင်၏ အတွင်းရေးမှူး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ အဖွဲ့ဝင်(ငြိမ်း) ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး(ငြိမ်း)တို့ကိုလည်း 'စည်သူဘွဲ့'ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
    အဆိုပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ဖြစ်သည့် 'စည်သူဘွဲ့'ကို ချီးမြှင့် အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ညီသစ်

Total Views ~ 111

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.