ပခုက္ကူ ၊ဒီဇင်ဘာ ၆
ဒီဇင်ဘာ၅ရက်နေ့ နံနက် ၉နာရီအချိန်ခန့်က ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ ညောင်ဂျစ်ပင်ရွာနှင့် ရေလာလေးရွာမှဒေသခံပြည်သူများ တောင်ယာလုပ်ကိုင်နေစဉ် PDFများမှ ဒရုန်းဖြင့် ဗုံးပစ်ချကာ လုပ်ကြံသတ်ဖြတ်သည့်အတွက် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လယ်ထွန်နေသည့်နွားများလည်း မိုင်းစ ဗုံးစထိမှန်ခဲ့ကြောင်းသိရသည်။