ပခုက္ကူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲက သေနတ်ဖြင့်ပစ်ခတ်၍ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံး

၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၆

 ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပြည့်အိုင်ကျေးရွာနေ ဦးအောင်ဌေးကြည် (၅၁)နှစ်နှင့် ဒေါ်နုနု(၄၉)နှစ် တို  ၂ ဦးအား အကြမ်းဖက်အုပ်စု PDF အဖွဲ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)မှ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) နံနက် ၈နာရီအချိန်က သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲက အခင်းဖြစ်ရပ်သို ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသိုစစ်ဆေးခဲ့ရာ  ဦးအောင်ဌေးကြည်တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နုနုတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း အခင်းဖြစ်နေရာ၌ အသီးသီး သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတိုအနီးမှ ၁၂ ဗိုကျည်ခွံ ၂ ခု၊ M-16 ကျည်ခွံ ၃ ခု တိုအား တွေ့ရှိသိမ်းဆည်းခဲ့ရခဲ့ပြီး  အလောင်းများအား ပခုက္ကူမြိုနယ်ပြည်သူ့ ဆေးရုံသို ပိုဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ သေဆုံးသူ၏ညီဖြစ်သူ ဦးအောင်ဌေးရီ(၄၇)၏ ပြောကြားချက်အရ ‌ဖေဖော်ဝါရီ ၂၃ ည ၁၁ နာရီခန့်တွင် ဦးအောင်ဌေးကြည်၏ နေအိမ်ဘက်မှ သေနတ်သံ ၅ ချက်ခန့်ကြားရသဖြင့် ၎င်းမှာကြောက်လန့်၍ ပုန်းအောင်းနေခဲ့ကြောင်း၊ ထိုနောက် ဖေဖော်ဝါရီ ၂၃ ည ၁၂နာရီ နာရီခန့်တွင် ကျေးရွာ၏အရှေ့ပိုင်းဘက်မှ သေနတ်သံထပ်မံကြားရပြီးနောက် အသံတိတ်သွားချိန်တွင် အစ်ကိုဖြစ်သူနေအိမ်သို သွားရောက်ကြည့်ရှုခဲ့ရာ နေအိမ်‌ရှေ့ဧည့်ခန်း၌ ဦးအောင်ဌေးကြည်နှင့် ဒေါ်နုနု တိုအား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်ဟူ၍ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထိုနောက်  အုပ်ချုပ်ရေးမှူး ဦးအောင်လင်းအား မေးမြန်းချက်အရ သေဆုံးသူ ၂ ဦးမှာ NLD ပါတီထောက်ခံသူများဖြစ်ပြီး အကြမ်းဖက်အုပ်စု PDF အဖွဲများထံ ငွေကြေးထောက်ပံ့သည်ဟု သတင်းရရှိကြောင်း၊ ဖေဖော်ဝါရီ ၂၃ ည ၁၂နာရီတွင် သေနတ်သံ ၃ ချက်ခန့် ကြားရသဖြင့် ၎င်း၏သတင်းပေး ၁ ဦးထံမေးမြန်းခဲ့ရာ ဦးအောင်ဌေးကြည်နှင့် ဒေါ်နုနု တို ၂ ဦးမှာ အကြမ်းဖက်အုပ်စု PDF အဖွဲထံ ဆက်လက်ထောက်ပံ့ခြင်းမရှိသည့်အတွက် ၎င်းတိုမှ သတ်ဖြတ် သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အုပ်စု PDF အဖွဲများသည် ပြည့်အိုင်ကျေးရွာ ဘက်မှ ပခုက္ကူ မြိုနယ် ညောင်ကွေးသစ်ကျေးရွာနှင့် ကူကျေးရွာဘက်သို ပြန်လည်ထွက်ခွာသွားသည်ဟူ၍ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲက  အကြမ်းဖက်အုပ်စု PDF အဖွဲများ ထွက်ခွာသွားသည့် အပိုင်နယ်မြေရဲစခန်းနှင့် ပသစများအား ချိတ်ဆက်ဆောင်ရွက်ထားရှိပြီး မိမိအမာခံ သတင်းပေးများထံ စုံစမ်းချက်အရ ဦးအောင်ဌေးကြည်နှင့် ဒေါ်နုနု တို ၂ ဦးအား သတ်ဖြတ်သွားသူများမှာ အကြမ်းဖက်အုပ်စု PDF အဖွဲဝင် အောက်ဆီဂျင်(စိစစ်ဆဲ)ပါ ၁၀ ဦးတို ဖြစ်သည်ဟူ၍ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထိုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍  အကြမ်ဖက်အုပ်စု PDF အဖွဲဝင် အောက်ဆီဂျင် ပါ ၁၀ ဦး (ဖမ်းမမိ)အား နမစ(ကမ္မ) (ပ)၅/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Total Views ~ 264

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43006

© 2022 - 2025 News. All Rights Reserved.