၂၀၂၃ ၊ဖေဖော်ဝါရီ ၂၂
ပခုက္ကူမြို့ ရှိ ဆီဆိုင်တစ်ခုတွင် ဆီဘောက်ဆာကားအောက် ဖခင်နှင့် အတူအိပ်နေစဉ် ပျောက်ဆုံးသွားသော က လေးငယ်ကို ရေကန်တစ်ခုတွင် သေဆုံးလျက်ပြန်တွေ့ ရှိခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပဲခူးမြို့နယ်ဘက်မှ ပခုက္ကူမြို့ရှိ New Day ဆီဆိုင်သို့ ဆီဘောက်ဆာယာဉ်ဖြင့် ဆီလာဖြည့်သည့် ယင်းအမျိုးသားမှာ ဆီဖြည့်ပြီးနောက် အသက် ၆ နှစ်ဝန်းကျင် သားဖြစ်သူနှင့်အတူ ဆီဆိုင်တွင်ပင် ညအိပ်ခဲ့ရာမှ ၎င်း ၏သားဖြစ်သူမှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသော ကလေးငယ်အား ဝိုင်းဝန်းရှာ ဖွေကြရာမှ ကလေးငယ်ပျောက်ဆုံးပြီး ၄ ရက်အကြာ ယနေ့ (ဖေဖော်ဝါ ရီလ ၂၂)ရက် နံနက်ပိုင်းတွင် ရွှေမုဌောဘုရားအနီးရှိ အာဇာ နည်ဗိမာန်အတွင်းမှ ရေကန်ထဲတစ်ခု သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။