ပေါက်မြို့နယ်၊ သစ်ညီနောင်ကျေးရွာနေ ဦးစောထွန်းမိုးမှာ PDF မိုင်းထောင်ဖောက်ခွဲရေး နည်းပြတစ်ဦးဖြစ်ပြီး အချင်းချင်းစကားများကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်

၂၀၂၂ ၊ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သစ်ညီနောင်ကျေးရွာနေ ဦးစောထွန်းမိုး(၄၅)နှစ် (ဘ)ဦးစောထွန်းသည် သစ်ညီနောင်ကျေးရွာ ဇာတိဖြစ်ပြီးPDF အမည်ခံအကြမ်း ဖက်အုပ်စုတွင် မိုင်းထောင်ဖောက်ခွဲရေးလုပ်ဆောင်သူ နည်းပြအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး အချင်းချင်းစကားများကာ တပ်မတော် သတင်းပေး/ ဒလန် ဟုစွပ်စွဲ၍ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် ဩစတေးလျနိုင်ငံ၏ Australian သတင်းစာတွင် World sits On Hands As Myanmar JuntaMurders At Will ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး၌ ၂၀၂၂ ခုနှစ်၊အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံသည့် သင်္ချာဆရာ ဦးစောထွန်းမိုးသည် တပ်မတော်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ၎င်း၏ ဦးခေါင်းသည်စာသင်ကျောင်းခြံစည်းရိုးတွင် ချိတ်ဆွဲခံခဲ့ရကြောင်း၊ ၎င်း၏ ခန္တာကိုယ်သည် စာသင်ကျောင်း၏အပြင်ဘက်တွင် စွန့်ပစ်ခံခဲ့ရပြီး လက်သုံးချောင်းထောင်ထားသည့် ၎င်း၏ညာလက်အား ပေါင်ကြားထဲတွင် တင်းကြပ်စွာညှပ်ထားသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုအမှန်ကို သိရှိလိုကြောင်း မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တပ်မတော်မှ နိုင်ငံတော်အာဏာထိန်းသည့် အခြေအနေမှစ၍ ၎င်းဘော်ဒါ၌ စာသင် ကြားပြသမှု မရှိတော့ဘဲ ၎င်း၏မိဘများနေထိုင်ရာ သစ်ညီနောင်ကျေးရွာတွင် သွားရောက်နေထိုင်ပြီး PDF အမည်ခံ ကြမ်းဖက်အုပ်စုတွင် မိုင်းထောင်ဖောက်ခွဲရေးလုပ်ဆောင်သူနည်းပြအဖြစ်ပါဝင်ခဲ့ပြီး တပ်မတော် စစ်ကြောင်းများနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များလှုပ်ရှားသွားလာရာတွင် မိုင်းဆွဲတိုက်ခိုက်မှုများ ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ ၁၆-၁၀-၂၀၂၂ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းသည် ပေါက်မြို့နယ်၊ပင်တောင်ကျေးရွာနဲ့ တောင်မြင့်ကျေးရွာကြားတို့တွင် အကြမ်းဖက်ချေမှုန်း ရေးများဆောင် ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့လှုပ်ရှားစိုးမိုးသည့် ကျေးရွာများသို့ တပ်မတော် စစ်ကြောင်း ရောက်ရှိလာပါကကျေးရွာအတွင်း နေထိုင်ခြင်းမရှိဘဲ ရွာလုံးကျွတ်ရှောင်တိမ်းနေရန် မှာကြားထားသည်ကို ဦးစောထွန်းမိုးမှ လိုက်နာခြင်းမရှိဘဲ တောင်မြင့်ကျေးရွာတွင် ကျန်ရစ်နေခဲ့သဖြင့် အချင်းချင်းစကားများကာ တပ်မတော် သတင်းပေး/ဒလန် ဟု စွပ်စွဲကာ တောင်မြင့်အခြေခံပညာအထက်တန်းကျောင်းအနီးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးခေါင်းအား ဓားဖြင့်ခုတ်ဖြတ် သတ်ကာ အလောင်းအား တောင်မြင့်ကျေးရွာအနောက်ဘက်ရှိ ယောချောင်းအနီးသို့ သယ်ယူမီးရှို့ ဖျောက်ဖျက်ခဲ့ခြင်း သာဖြစ်ပါတယ် ဟု နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။
ဦးစောထွန်းမိုး(၄၅)နှစ်(ဘ)ဦးစောထွန်းသည် သစ်ညီနောင်ကျေးရွာ ဇာတိဖြစ်ပြီး နိုင်ငံတော်မှ တရားဝင်ခံအပ်ထားသည့် ပညာရေးဝန်ထမ်းကျောင်းဆရာမဟုတ်ဘဲ ပေါက်မြို့ ၊ အောက်တံခွန်ရပ်ကွက်ရှိ ပညာမိုးဘော်ဒါဆောင်တွင် သင်္ချာဘာသာအား သင်ပြသူ ပြင်ပကျောင်းဆရာတစ်ဦးဖြစ်ကြောင်း၊ ၂၀၂ဝပြည့်နှစ် တွင် အောင်တော်မူ ရပ်ကွက်နေ မသန္တာခင်နှင့် အိမ်ထောင် ကျပြီး အောင်တော်မူရပ်ကွက်ရှိ ယောက်ခမဖြစ်သူ ဦးဘိုနီ၏နေအိမ် တွင် နေထိုင်ခဲ့ကြောင်း သိရသည်။
ဦးစောထွန်းမိုးအား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီးပေါက်မြို့မရဲစခန်း(ပ)၁၂၁/၂၀၂၂၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(က)/၅၄ နဲ့ အမှုဖွင့်လှစ်ကာ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် လျက်ရှိ ကြောင်း ဩစတေးလျနိုင်ငံထုတ် Australian သတင်းစာတွင် World Sits OnHands As Myanmar Junta Murders At Will ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးရေးသားဖော်ပြခြင်းမှာ သတင်းအမှားသာဖြစ်ပြီး လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန်နဲ့ ပြည်သူလူထုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.