ပဲခူးတိုင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြင့်ထုတ်ကုန်များ ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၅
    ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြင့်ထုတ်ကုန်များ ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)တွင် ပြောကြားခဲ့သည်။
    လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်လာပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၁ သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း တစ်ထောင်ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)အရ သိရှိရသည်။
    ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ အအေးခန်းစက်ရုံများ၊ စည်သွပ်ဘူး စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ လာရောက်ရင်းနှီး မြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
    ပဲခူးတိုင်းဒေသကြီးတွင် ဇန်နဝါရီလအတွင်း ခွဲစိတ်ခန်းသုံးနှင့်ကျန်းမာရေး ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၁ သန်း တိုးမြှင့်မှုကို ခွင့်ပြု‌ပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။ 
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၁၀၆၈၄၃ ဒသမ ၈၃၂ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၃၀၉၁ ဦးဖော်ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။  သက်မှူး

Total Views ~ 115

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43032

© 2022 - 2025 News. All Rights Reserved.