ပဲခူးတိုင်းအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ ပါတီရုံးများကို မြို့နယ် ၁၅ ခုအထိ ဖွင့်လှစ်ရန် လျာထား

ရန်ကုန်၊ မတ် ၁၉
    ပဲခူးတိုင်းဒေသကြီး အခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ ပါတီရုံးများကို မြို့နယ် ၁၅ ခုထိ ဖွင့်လှစ်ရန် လျာထားကြောင်း ယင်းပါတီမှ သိရသည်။
    လက်ရှိတွင် ပါတီ၏ မြို့နယ်ရုံးများကို  ပဲခူး၊ သာယာဝတီ၊ ကြို့ပင်ကောက်၊ ပြည်၊ ဝေါ စသည့် မြို့နယ်များတွင် ဖွင့်လှစ်ထားပြီး ထပ်မံ၍ လည်း တောင်ငူခရိုင်အတွင်း သုံးမြို့နယ်၊ နတ္တလင်း၊ ဇီးကုန်း၊ အုတ်ဖို၊ သနပ်ပင်၊ ညောင်လေးပင်၊ ဥသျှစ်ပင် စသည့်မြို့နယ်များအပါအဝင် မြို့နယ်ရုံး ၁၀ ထပ်ဖွင့်ရန် လျာထားကြောင်း ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီဒုဥက္ကဋ္ဌ(၁) ဦးရန်နိုင်ဝင်းက ပြောသည်။
    ပါတီရုံးတွေက ငါးရုံး ဖွင့်ထားပြီးပြီ။ အဲဒီငါးရုံးက လူအင်အားလည်း ပြည့် ပြီးသား၊ အားလုံးအဆင်ပြေပြီးသား၊ နောက်ထပ် ရုံး ၁၀ ရုံးလောက် ထပ်ဖွင့်ဖို့ရှိတယ်။ ရွေးကောက်ပွဲအချိန်ကို ကြည့်ပြီးတော့ နယ်မြေအခြေအနေအပေါ်မူတည် ပြီးဖွင့်မှာ။ ဒါက ချက်ချင်းဖွင့်နိုင်ဖို့ကိုလည်း ကြို တင် ပြင်ဆင်ထားပြီးသား၊ ဒေသတည်ငြိမ်ရင် တည်ငြိမ်သလို ဖွင့်သွားမှာပါဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
    ပဲခူးတိုင်းဒေသကြီး ကြို့ပင် ကောက်မြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၀^၂၀၂၃)ကြေညာခဲ့သည်။ ယင်း၏   မှတ်ပုံတင်အမှတ်မှာ (၂၅) ဖြစ်ကြောင်း သိရသည်။  ညီသစ်

Total Views ~ 119

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43002

© 2022 - 2025 News. All Rights Reserved.