ပြည်သူ့အင်အားပါတီ၏ ပါတီဆက်လက် တည်ထောင်ခွင့် မှတ်ပုံတင်လျှောက်ထားချက်အပေါ် UEC ငြင်းပယ်

ရန်ကုန်၊ ဇူလိုင် ၂၄
    ပြည်သူ့အင်အားပါတီ၏ ပါတီဆက်လက်တည်ထောင်ခွင့် မှတ်ပုံတင်လျှောက်ထားချက်အပေါ် ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်တွင်  သတင်းထုတ် ပြန်ခဲ့သည်။
    ယင်းပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
    ပြည်သူ့အင်အားပါတီ၏ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်တာဖြစ်ပြီး ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
    ထို့အပြင် ရခိုင်အမျိုးသားပါတီ (Arakan National Party)၏ ပါတီမှတ်ပုံတင် လျှောက်ထားခြင်းကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ကြောင်း ဇူလိုင်လ ၁ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
    လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင် ခွင့်ပြုထားသည့်  နိုင်ငံရေးပါတီအရေအတွက်က ပါတီ ၅၀ ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဇူလိုင် ၁၅ ရက်အထိ စာရင်းဇယားများအရ သိရသည်။

Total Views ~ 536

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.