ဖယ်ခုံမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်အခြေချ

ရန်ကုန်၊ ဇန်နဝါရီ ၈
    ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်အတွင်း KNPP , KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယခုအခါ တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်အခြေချ နေထိုင်ပြီဖြစ်ကြောင်း သိရသည်။
    ဖယ်ခုံမြို့နယ်အတွင်း အကြမ်းဖက်များ ဝင်ရောက်နေမှုကို တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်များ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊  ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူ ဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ရခြင်း ဖြစ်သည်။
    တပ်မတော်၏ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းလာ ပြီဖြစ်သည့်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချနေ ထိုင်လုပ်ကိုင်စား သောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းရှိ ဌာနဆိုင် ရာဝန်ထမ်းများကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 115

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43033

© 2022 - 2025 News. All Rights Reserved.