ရန်ကုန်၊ မတ် ၁၉
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးသွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တိုက် တွန်းပြောကြားသည်။
မတ် ၁၆ ရက်က ၂၀၂၅ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြော ကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး၏အင်အားသည် အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယ ဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှု အင်အားဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် သာမန်အဆင့် ထက်သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များလည်း ရှိနေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)နှင့် မတ်လ ၂ ရက် (တောင်သူ လယ်သမားနေ့) တို့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ ၁၃ ဦး၊ သူရဘွဲ့သုံးဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ တစ်ဦး၊ သိပ္ပကျော်စွာဘွဲ့ နှစ်ဦး စုစုပေါင်း ၅၀ ကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များ ဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁၃ ဦး၊ တပ်မတော် စွမ်းရည်သတ္တိ ဆိုင်ရာ ဘွဲ့များဖြစ်ကြသည့် သူရဘွဲ့ရရှိသူ သုံးဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များဖြစ်ကြသည့် ဇေယျကျော်ထင်ဘွဲ့ရရှိ သူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၁၄ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ ၁ ဦး၊ သိပ္ပ ကျော်စွာဘွဲ့ ရရှိသူနှစ်ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထူးမြတ်