မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားနှင့်  ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်ရေး ရုရှား အသင့်ရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတု ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး H.E. Maxim RES-HETNIKOV က ပြောကြားသည်။
    ဖေဖော်ဝါရီလ ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားလိုအပ်သည့် အချိန်တိုင်း၌ အကူအညီများ ပေးအပ်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များ ပြည့်စုံမှု ရှိစေရေးတို့ အပါအဝင် ရေရှည်အကျိုးကို ကြည့်၍ သုတေသနပြု စနစ်တကျတွက်ချက် ဆောင်ရွက်သွားမည် ဖြစ်သည့် အခြေအနေများ၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန၊ ဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထူးမြတ်

Total Views ~ 96

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.