ရန်ကုန်၊ ဒီဇင်ဘာ ၆
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများစနစ်တ ကျ ဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်သည့်အချိန်မှစ၍ပြန် လည်ထွက်ခွာသည့်အချိန်ထိ ခရီးသွားဧည့် သည်များ ဝင်ထွက်မှု လွယ်ကူစေရေး၊တည်း ခို၊ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ အတွက်ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော် မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လမ်းညွှန်မှာကြားခဲ့သည်။
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့(ဒီဇင်ဘာ ၆)နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ကျင်းပရာ ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြမှသာ ခရီးစဉ်ဒေသများတွင် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင် ရောက်လာပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့်ဒေသခံတို့၏လူမှုဘဝစီး ပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကိုများစွာအထောက်အပံ့ဖြစ်စေသည့်အတွက် ပြည် တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနစက ဒုတိယဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ယခုပွင့်လင်းရာသီမှအစပြုပြီး ခရီး သွားလုပ်ငန်းများပုံမှန် လည်ပတ်လာပြီ ဖြစ်၍ မြန်မာနိုင်ငံနှင့် ရင်းနှီးပြီး ဆက်ဆံရေး ကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို မိမိတို့၏ အဓိကရည်မှန်း စျေးကွက်များအဖြစ်ကနဦးသတ်မှတ် ဖော်ဆောင် သွားရန်၊မိမိတို့၏ ထူးခြားသည့်ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှု များကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွား အဝန်းအဝိုင်းသိရှိနိုင်စေရေး ဆက်လက်မြှင့်တင်ကြိုးပမ်းကြရန်၊သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသံရုံး များမှတစ်ဆင့် မြန်မာ့ခရီးသွားလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်ဆွဲဆောင်အသိပေးဖိတ်ခေါ်စီမံ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ စည်းရုံးဖိတ်ခေါ်ဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ခရီးသွားလာမှုလွယ်ကူ ချောမွေးစေရေးနှင့် လုံခြုံစိတ်ချစွာခရီးသွားလာနိုင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် နေပြီး ဆင့်ပွားအကျိုးကျေးဇူးများဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်းအမျိုးအစားစုံလင်စွာ ဖွံ့ဖြိုး လာစေရန် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် မြန်မာခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ လာစေရန် စွန့်ဦးတီထွင်မှုနှင့်အတူ ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးလာစေရန် နှင့် ဈေးကွက်များ ပြန်လည်ရှင်သန် အားကောင်းလာစေရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီဝင်ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီနှင့် ပြည်နယ် များမှတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြသွားရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လမ်းညွှန်မှာကြားခဲ့သည်။