၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန် သွယ်မှုကဏ္ဍတွင် ကျပ်ငွေ-ရူပီး တိုက်ရိုက် ပေးချေမှု စတင်နိုင်ပြီဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ ပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန် မြို့ အိန္ဒိယစင်တာတွင် ကျင်းပသည့် ရူပီး- ကျပ် တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ံ. H.E Shri Vinay Kumari? နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များ၊ နှစ်နိုင်ငံ ငွေကြေးတိုက်ရိုက် ဖလှယ်ရန် ဆောင်ရွက်ခွင့်ပြုထားသည့် အိန္ဒိယနိုင်ငံမှ ပန်ဂျပ်နေရှင်နယ်ဘဏ်၊ မြန်မာ နိုင်ငံမှ CB ဘဏ်၊ UAB ဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့ ရူပီး-ကျပ်တိုက်ရိုက်ပေးချေမှုအား အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံ ဗဟိုဘဏ် (RBI) များနှင့် ကနဦး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကကုန်သွယ် ဖက်နိုင်ငံများတွင် အိန္ဒိယသည် အပါအဝင် ဖြစ်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်သလို ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးပြန်လည် တင်သွင်းသည့် နိုင်ငံလည်းဖြစ်ကာ အာရှဗဟို ဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ) အဖွဲ့ဝင် နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနှင့်ကုန်သွယ်မှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံဖြစ်သည်။
ထို့ကြောင့် ကုန်သွယ်မှုကဏ္ဍထပ် မံတိုးတက်မြင့်မားလာစေရန် နှစ်နိုင်ငံငွေကြေး တိုက်ရိုက်ပေး ချေမှုကို အလေးထားဆောင်ရွက်လာခဲ့ရာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Spec-ial Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) ကို ထုတ်ပြန်ပြီးဖြစ်သောကြောင့် ယခုကဲ့သို့ ငွေးကြေးတိုက် ရိုက်ဖလှယ် ပေးချေမှုများ စတင်နိုင်ခြင်းဖြစ်သည်။
ကျပ်ငွေ-ရူပီး တိုက်ရိုက်ဖလှယ်မှုကြောင့် ကုန်သွယ်မှုကဏ္ဍ ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးအား အထောက် အကူပြုစေနိုင်မည်ဖြစ်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်း မွန်လာစေခြင်း စသော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။
ထို့အပြင် နှစ်နိုင်ငံကုန်သည်များသည် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးနှင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင် အသုံးပြု နိုင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။