ရန်ကုန်စည်ပင်ပိုင် ဈေးများ၊ ပွဲရုံစခန်းများရှိ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခွင့် ကောက်ခံခြင်းနှင့် ပွဲရုံစခန်းများရှိ အငှားချလုပ်ငန်းများကို ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အငှားချထားမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီပိုင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန ကွပ်ကဲမှုအောက်ရှိ ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းများရှိ အငှားချလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အငှားချထားမည် ဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် အဆိုပါလုပ်ငန်းများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၂၅ မှ ၃၁-၃-၂၀၂၆ ထိ)အငှားချထားရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။
    တင်ဒါ လျှောက်လွှာများကို YCDC၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၁၃ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဟု အသိပေးထားသည်။ နဒီ

Total Views ~ 102

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.