သီလဝါရှိ TMIT ဆိပ်ကမ်းတံတားကို ဆိပ်ကမ်းလုပ်ငန်း အတွေ့အကြုံရှိ ကုမ္ပဏီကြီးတစ်ခုအား နှစ်ရှည် လုပ်ငန်းလည်ပတ် စီမံခန့်ခွဲခွင့်ပြုရန် စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်ရှိ သီလဝါ ဘက်စုံသုံးကုန်သေတ္တာ ဆိပ်ကမ်းတံတား (Thilawa Multipurpose International Terminal-TMIT) ကို ဆိပ်ကမ်းလုပ်ငန်း အတွေ့အကြုံရှိ ကုမ္ပဏီကြီးတစ်ခုအား နှစ်ရှည် လုပ်ငန်းလည်ပတ် စီမံခန့်ခွဲခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
    ဘဏ္ဍာရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာ ရည်မှန်းချက်များကို ပုဂ္ဂလိကကဏ္ဍနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ၏ အကွက်အမှတ် (၂၅)နှင့်(၂၆)ရှိ TMIT ဆိပ်ကမ်းတံတားအား လုပ်ငန်းအတွေ့အကြုံ နည်းပညာပြည့်စုံသော ပြည်တွင်း /ပြည်ပမှ ဆိပ်ကမ်းတံတား ဝန်ဆောင်မှု ကုမ္ပဏီကြီးများအနက် တင်ဒါစည်းကမ်းများနှင့် အမြင့်ဆုံး ကိုက်ညီမှုရှိသည့် ကုမ္ပဏီတစ်ခုအား နှစ်ရှည်လုပ်ငန်းလည်ပတ် စီမံခန့်ခွဲခွင့်ပြုနိုင်ရေးအတွက် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ အိတ်ဖွင့်တင် ဒါခေါ်ယူထားခြင်းဖြစ်သည်။
    သီလဝါ TMIT ဆိပ်ကမ်းတံတားအား နှစ်ရှည်လုပ်ငန်းလည်ပတ် စီမံခန့်ခွဲခွင့်အတွက် အစိုးရ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို နှစ်ဖက်ချုပ်ဆို၍ နှစ်ရှည်ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။
    စိတ်ပါဝင်စားသည့် ဆိပ်ကမ်းလုပ်ငန်းအတွေ့အကြုံရှိ ကုမ္ပဏီကြီးများအနေဖြင့် တင်ဒါအဆိုပြုလွှာများနှင့် လျှောက်လွှာများကို ဇန်နဝါရီ ၂၀ ရက်မှ ၁၈ ရက်အထိ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)တွင် ဝယ်ယူတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၃ ရက်တွင် တင်ဒါအကြို ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး တင်ဒါအ ဆိုပြုလွှာများကို ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား တင်သွင်းရန်လည်း အသိပေးထားသည်။ နဒီ

Total Views ~ 102

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43012

© 2022 - 2025 News. All Rights Reserved.