ရန်ကုန်၊ အောက်တိုဘာ ၂
အက္ခရာ တစ်လုံးနှင့် ဂဏန်းငါးလုံး အောင်ဘာလေအွန်လိုင်းထီ ပုံစံသစ်ကို တစ်လလျှင် နှစ်ကြိမ်တိတိ ကံစမ်းနိုင်တော့မည်ဖြစ်ကြောင်း AungBarLay Online lottery အာင်ဘာလေအွန်လိုင်းထီမှ သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအသွင်အပြင်သစ်နှင့် အွန်လိုင်းထီအသစ် 5 Digits အောင်ဘာလေ အွန်လိုင်းထီအကြောင်း မိတ်ဆက်ပေးခဲ့ပြီး ထီချစ်သူများအနေဖြင့် အက္ခရာနှင့် ဂဏန်းငါးလုံး အွန်လိုင်း ထီပုံစံသစ်ကို တစ်လနှစ်ကြိမ် ကံစမ်းနိုင်တော့မည် ဖြစ်သည်။
5 Digits အောင်ဘာလေအွန်လိုင်းထီသည် အက္ခရာတစ်လုံးနှင့် ဂဏန်းငါလုံးထီကို ကံစမ်းရမည့် ထီအမျိုးအစားဖြစ် ပြီး ထီဖွင့်ပွဲအား လတစ်လ၏ ၂ ရက်နှင့် ၁၆ ရက်များတွင် ပြုလုပ်ပေးသွားမည်ဖြစ်၍ နှစ်ပတ်လျှင် တစ်ကြိမ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အောင်ဘာလေအွန်လိုင်းထီမှ အသိပေးထား သည်။
"မတူညီသော ထီဆုကြီးများအပြင် တစ်မူထူးခြားချက်ကတော့ Jackpot ထီဆုကြီး ပါဝင်လာပြီပဲ ဖြစ်ပါတယ်။ Jackpot ထီဆုကြီးဆိုတာ ဘယ်လိုမျိုးလဲ။ 5 Digits အောင်ဘာလေအွန်လိုင်းထီရဲ့ အမြင့်ဆုံး ထီဆုအတွက် ထီနံပါတ်ကို ကံထူးရှင် ထွက်ပေါ်လာသည်ဖြစ်စေ၊ မထွက်ပေါ်လာသည်ဖြစ်စေ သုံးကြိမ်အများဆုံးဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အကယ်၍ သုံးကြိမ်ဖွင့်လှစ်ပြီး နောက်ကံထူးရှင် မထွက်ပေါ်လာပါက အဆိုပါ ထီဆုကြေးငွေအား နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးမှာဖြစ်လို့ ထီဆုငွေ ဆတိုးတက်သွားမယ့် အခွင့်အရေးနဲ့ ကံစမ်းရမှာ ဖြစ်ပါတယ်။ အဆိုပါ ကံစမ်းမှုမျိုးကို ခြောက်ကြိမ်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အမြင့်ဆုံး ခြောက်ဆအထိ တိုးနိုင်မယ့် Jackpot ထီဆုကြီးပဲဖြစ်ပါတယ်"ဟူ၍ အောင်ဘာလေအွန်လိုင်းထီမှ ရှင်းပြထားသည်။
အောင်ဘာလေအွန်လိုင်းထီအတွက် AungBarLay Application တွင် ကြိုက်နှစ်သက်ရာ ထီလက်မှတ်ကို ၁၀၀၀ ကျပ်တည်းဖြင့် နံပါတ်များ ရွေးချယ်ဝယ်ယူ ကံစမ်းရခြင်းဖြစ်သည်။ ထီလက်မှတ် ရွေးချယ်ရာတွင်လည်း ကြိုက်နှစ်သက်ရာ အက္ခရာနှင့် နံပါတ်တို့ကို ရွေးချယ်ကံစမ်းခြင်း၊ စနစ်မှအလို အလျောက် ရွေးချယ်ပေးသည့် သုံးစောင်တွဲ၊ ငါးစောင်တွဲ၊ ၁၀ စောင်တွဲတို့ကို ဝယ်ယူကံ စမ်းခြင်းများကို တစ်ကြိမ်ကို အနည်းဆုံးတစ်စောင်မှ အများဆုံး ၁၀ စောင် အထိ Mytel Pay၊ KBZ Pay ၊ AYA Pay ၊ CB Pay ၊ OK Dollar အစရှိသည့် Payment အမျိုးမျိုးဖြင့် ဝယ်ယူနိုင်ခြင်းဖြစ်သည်။
လက်ရှိတွင် အောင်ဘာလေအွန် လိုင်းထီကို (က)မှ (ဈ)အထိ အက္ခရာကိုးလုံး၊ ဂဏန်းခြောက်လုံးဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး လစဉ်ပုံမှန် လဆန်း ၁ ရက်တွင် ထီဖွင့်ပွဲကျင်းပပေးကာ အမြင့်ဆုံးထီဆု သိန်း ၅၀၀ အဖြစ် သတ်မှတ်ထားသည်။ ယခု မိတ်ဆက်ထားသည့် အက္ခရာနှင့် ဂ ဏန်းငါးလုံး အွန်လိုင်းထီ ပုံစံသစ်ကို အောက်တိုဘာ ၁၅ ရက်မှ စတင်ကံစမ်း နိုင်တော့မည်ဖြစ်ကြောင်းသိရပြီး ထီဆုကြေး ချီးမြှင့်မည့်ပုံစံနှင့် ထီဆုကြေးငွေပမာဏကို အသေးစိတ် ထပ်မံအသိပေး ကြေညာမည်ဖြစ်ကြောင်း အောင်ဘာလေအွန်လိုင်းထီမှ သိရသည်။ နဒီ