ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကို အမျိုးသားပြတိုက်(ရန်ကုန်)တွင် ဖေဖော်ဝါရီ ၁၅ ရက် ၌ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှု အစီအစဉ်ကို ကျင်းပခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် မြန်မာ့ သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ပညာပေးအစီအစဉ်အဖြစ် ဖေဖော်ဝါရီ ၇ ရက်မှစ၍ မတ် ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အမျိုးသားပြတိုက် (ရန်ကုန်) ဒုတိယထပ် Lobby တွင် ရှားပါး မြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့် မှန်တင်ခုံများ၊ Ho lographic Fan များ၊ ၆၂ လက်မရှိသော TV ဖြင့် အမျိုးသားပြ တိုက်(ရန်ကုန်)၏ နေ့စဉ် သနပ်ခါးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါး သီချင်းများကို ပြသလျက်ရှိရာ မေရီချက်(ပ်)မင်း ဆွံ့အနားမကြားကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုများ လာရောက်လေ့လာခဲ့ကြသည်။ ထို့အပြင် တာဝန်ရှိသူများကလည်း မြန်မာ့သနပ်ခါး၏ အသုံးဝင်ပုံ၊ မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်း မြန်မာ့သနပ်ခါး၏ ထူးခြားမှု အကြောင်းများကို ပညာပေးဟောပြောပြီး လာရောက်လေ့လာကြသည့် ကျောင်းသားကျောင်းသူများက ကိုယ်တိုင် သနပ်ခါးသွေး၍ ပျော်ရွှင်စွာ လိမ်းခြယ်စေခြင်း၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာကို အစွဲပြု၍ ၂၀၂၁ ခုနှစ် တပို့တွဲလပြည့်နေ့ကို မြန်မာ့ သနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်း နိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုရှိရန် လိုအပ်လျက်သဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ သနပ်ခါးဆိုင်ရာ အထောက်အထားများကို ပြည်သူများမှ ပါဝင်ပြီး Practice of Thanakha Culture in Myanmar အချက်အလက်များ ဖြည့်သွင်း နိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြတိုက်များတွင် ထားရှိသည့် QR Code ကို Scan ဖတ်၍ လည်းကောင်း၊ Online စာမျက်နှာ (https://docs.google. com/forms/ d/e/1FAIpQL SeWCYIUWDb2Om36LyK9e_mgya A6VXz8xioVZ KnFNUNv6jWSog/view form) မှ Google Form တွင် သနပ်ခါး ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းနိုင်ကြောင်းလည်း သိရသည်။ သက်မှူး