အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ပေးရန် စီစဉ် ဆောင်ရွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆
    အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
    နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော် မတီ အစည်းအဝေးတက်ရောက်စဉ် နစက ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    လူမှုကာကွယ်စောင့်ရှောက်ရေး နှင့်ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင် အစီအစဉ် (Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (Maternal and Child Cash Transfer Pro-gram - MCCT)တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး အသက်(၂) နှစ်အောက် ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြား ခဲ့သည်။
    လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အကျိုးခံစားခွင့် ကိုးရပ်ရှိကြောင်း၊ ယင်းတို့မှာ ကျန်းမာရေးစောင့် ရှောက်ပေးခြင်း၊ နာမကျန်း အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊  မီးဖွားမှု အကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူများ အကျိုးခံစား ခွင့် စသည်တို့ဖြစ်ကြောင်း၊ ယင်းတို့ကို နိုင်ငံတော်၏ဘဏ္ဍာ ငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည် ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
    ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် 'အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်) Public Feedback Programme- PFP (အသုံး ပြု၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အ ထည် ဖော်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စိန်ခေါ်မှုများလည်း ရှိနေသဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပင် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ယခုအချိန်တွင် နိုင်ငံတော်မှ ရရှိသည့်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ် ကြောင်း၊ အလားတူ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ ဝန်ထမ်းများအား ပုံစံအမျိုးမျိုး ဖြင့် ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ နဒီ

Total Views ~ 103

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.