အိန္ဒိယ ဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပြောင်း ဈေးကောင်းရနေ

ရန်ကုန်၊ ဇန်နဝါရီ ၈
    အိန္ဒိယနိုင်ငံ အပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ပြည်တွင်းဈေးကွက်တွင် မြန်မာ့ပြောင်းဆန် ဈေးကောင်းရနေကြောင်း ပြောင်းလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
    လက်ရှိတွင် အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများမှ အဝယ်လိုက်နေပြီး ပြောင်းဈေး တက်ရိပ်ပြနေကာ ဈေးတက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
    ပြည်တွင်းပြောင်းဆန်ဈေး အနေဖြင့် အောက်တိုဘာလတွင် ပြောင်းဆန်တစ်ပိဿာ ကျပ် ၁၃၅၀ မှ နိုဝင်ဘာလမှ စတင်၍ ကျပ် ၁၅၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလအတွင်း တစ်ပိဿာကျပ် ၁၆၇၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
    ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့  မြန်မာ့ပြောင်းဆန်တန်ချိန် ၁ ဒသမ ၇ သန်း ဝန်းကျင် တင်ပို့ထားနိုင်ခဲ့ပြီး မြန်မာ့ပြောင်းဆန်အား ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ တစ်နှစ်လျှင်  အမေရိ ကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်ခန့် ရရှိနေကြောင်း သိရသည်။
    ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စုစုပေါင်းပြောင်းစိုက်ဧက နှစ်သန်းကျော်ရှိပြီး ပြောင်း ထုတ်လုပ်မှုအနေဖြင့် မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းခန့်ထွက်ရှိပြီး တန်ချိန် ၂ ဒသမ ၂ သန်းကို ပြည်ပကို တင်ပို့ကာ လက်ကျန်တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်းတွင် သုံးစွဲလျက်ရှိကြောင်း သိရသည်။   သက်မှူး

Total Views ~ 113

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.