အိန္ဒိယနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လေ့ကျင့်မှုစတင်

ရန်ကုန်၊ ဇွန် ၁၈
    မြန်မာ့လက်‌ရွေးစင် အမျိုးသမီး အသင်းသည် ဇူလိုင် ၁၀ ရက်နှင့် ၁၃ ရက်တွင် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်း နှင့်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် ဇွန် ၁၆ ရက်မှစတင်၍ လေ့ကျင့်မှုများစတင် ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။
    မြန်မာ့လက်ရွေးစင် အမျိုးသမီး နှင့် အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားရန် စီစဉ်ထားကြောင်း သိရသည်။
    မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပနိုင်ငံများသို့လည်း လေ့ကျင့်‌ရေးခြေစမ်းခရီး စဉ်များသွားရောက်ရန် စီစဉ်ထားပြီး ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အတွေ့အကြုံရှိ ကစား သမားများအပြင် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်းရွေးချယ်ထားသည်။
    မြန်မာ့လက်‌ရွေးစင် အမျိုးသမီး အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား ၃၀ ဖြင့် စခန်းသွင်း လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

Total Views ~ 472

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.