အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုမှ ဆက်စပ်သူ ပြည်ပနိုင်ငံသား ၉၀၀၀ ကျော် ဖော်ထုတ်ထိန်းသိမ်း

ရန်ကုန်၊ ဧပြီ ၂၃
    ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၃၂ ဦးကို စစ်ဆေးဖော် ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၇၂၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများ သို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၄၃ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထားရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
    ဧပြီလ ၂၀ ရက်က မြဝတီမြို့ ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၄ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
    ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိ နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၄ ဦးကို ဧပြီ ၂၀ ရက်တွင် ထပ်မံ စစ်ဆေးဖော်ထုတ် ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
    စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေ ကြောင်း သိရသည်။
    စတင် စစ်ဆေးဖော်ထုတ်ချိန်မှ ဧပြီလ ၂၀ ရက်အထိ စစ်ဆေးဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၉၀၃၂ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ် စကား၊ ရိုမေးနီးယား၊ လိုက်ဘေး ရီးယား၊ ရုရှား၊ ဖိလစ်ပိုင်၊ ဇင်ဘာဘွေ၊ မော်လဝီ၊ ဆီ ယာရာ လီယွန်၊ ဘူရွန်ဒီနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများ ဖြစ်ကြပြီး ထပ်မံ၍ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42772

© 2022 - 2025 News. All Rights Reserved.