၂၀၂၄-၂၅ ဘောလုံးရာသီပြင်ဆင်မှုအဖြစ် ပြည်ပနည်းပြကစားသမားများ အပြိုင်အဆိုင် ခေါ်ယူ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
    ပြည်တွင်း ကလပ်အသင်းများ အနေဖြင့် ၂၀၂၄-၂၅ ဘောလုံးရာသီ ပြင်ဆင်မှုအဖြစ် ပြည်ပနည်းပြကစားသမားများ အပြိုင်အဆိုင် ခေါ်ယူလာကြောင်း သက်ဆိုင်ရာ ကလပ်များ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
    သတင်း ထုတ်ပြန်ချက်များအရ ၂၀၂၄-၂၅ ဘောလုံးရာသီအတွက်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို ၂၀၂၄-၂၅ ဘောလုံးရာ သီအတွက် နည်းပြချုပ်အဖြစ်ခန့်အပ် လိုက်ပြီဖြစ်သည်။ ဖရန့်ဘန်ဟတ်သည် နည်းပြချုပ်နှင့် နည်းစနစ်ဒါရိုက်တာအဖြစ် အက်စတိုနီးယားဘောလုံးအဖွဲ့ချုပ်၊ အဇာဘိုင်ဂျန်ဘောလုံးအဖွဲ့ချုပ်နှင့် မလေးရှားဘောလုံးအဖွဲ့ချုပ်တို့တွင် တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ရီးရဲမက်ဒရစ်အသင်းအတွက် လူငယ်ရှာဖွေရေးတွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုနောက်ဆုံး မလေးရှား စူပါလိဂ်ကလပ် ကဲလန်တန်အသင်းတွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကစားသမားဘဝတွင်လည်း ဘွန်ဒက်စ်လီဂါအသင်း Werder Bremen နှင့် Holstein Kiel အသင်းတို့တွင် ခြေစွမ်းပြပါ ဝင်ခဲ့သည့်သူ ဖြစ်သည်။ 
    ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့် နည်းပြချုပ် ဖရန့်ဘန်ဟတ်ကရှုံးထွက်နဲ့ လိဂ်ချန်ပီယံဖြစ်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေကို အသုံးပြုပြီး သေချာလေးလုပ်ဆောင်သွားဖို့ လိုပါတယ်။ တစ်ပွဲချင်းဆီကို သေချာအာရုံစိုက်ပြီး လုပ်ဆောင်သွားမယ့်အပြင် ရင်ဆိုင်ရမယ့် အသင်းတိုင်းကိုလည်း လျှော့မတွက်ဘဲ ယှဉ်ပြိုင်သွားပါမယ်။ အသင်းရည် မှန်းချက်ကိုရဖို့အတွက် အားလုံးနဲ့အတူတကွ သေချာပြင်ဆင် လုပ် ဆောင်သွားပါမယ်"ဟု ပြောကြားခဲ့သည်။
    ထို့အပြင် ပြည်တွင်း ကလပ်အသင်းတစ်သင်းဖြစ်သည့် ရခိုင်ယူနိုက်တက် အသင်းကလည်း 2023 India Kerala Pre-mier League ပြိုင်ပွဲဝင် Gokulam Kerala B အသင်းနှင့် Runner Up ဖလားရယူခဲ့သည့် ပေါ်တူဂီလူမျိုးနည်းပြ Paulo Jorge Silva ကို ခေါ်ယူထားပြီ၎င်းင်းမှာ ဥရောပ၊ အာဖရိက၊ အာရှနိုင်ငံများ၏ ကလပ်အသင်းများတွင် နည်းပြလုပ်ခဲ့ကာ အောင်မြင်မှုအထိုက် အလျောက်ရရှိထားပြီး DEREN FC အသင်းကို Mongolia League Champion ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့အပြင် ရခိုင်ယူနိုက်တက်က ယခင်ရှမ်းယူနိုက်တက် နောက်ခံလူ အိုင်ဗရီကို့စ်နိုင်ငံသား Kekere Moukailou နှင့် ကင်မရွန်း လူငယ်လက်ရွေးစင် Effa Alexisi Smael တို့ကို ထပ်မံခေါ်ယူထားသည်။
    MNL ဘောလုံးရာသီသစ်အကြို မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ ပြိုင်ဆိုင်မှုများ မြင်တွေ့ရမည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်ဇယားမဲနှိုက်ရေးဆွဲခြင်း အခမ်းအနား ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပမည့် ယခုပြိုင်ပွဲတွင် မြန်မာနေရှင်နယ် လိဂ်-၁ နှင့် မြန်မာနေ ရှင်နယ်လိဂ်-၂ က လပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ခြောက်သင်းပါအုပ်စုတစ်ခုနှင့် ငါးသင်းပါ အုပ်စုသုံးခု ခွဲဝေကျင်းပသွားမည်ဖြစ်သည်။ 

Total Views ~ 486

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43026

© 2022 - 2025 News. All Rights Reserved.