ရန်ကုန်၊ ဇူလိုင် ၉
၂၀၂၅ ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာ နှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ်ပါဝင်လာကြောင်း နစက သတင်းထုတ် ပြန်ရေးအဖွဲ့မှ ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်သစ်ကူး နေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ထိုသို့ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့အား အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြား အာဆီယံနိုင်ငံ များကဲ့သို့ လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်း မိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင် မာစေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း နစက သတင်းထုတ် ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။