ရန်ကုန်၊ ဇန်နဝါရီ ၂၉
(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ၁၇ ပါး မြောက် ဘွဲ့တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဆရာတော် ပေါ်ထွန်းလာကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ဘွဲ့တံဆိပ်တော်ရရှိသော ဆရာတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားလျှောက်ထားပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရထံ ဆက်ကပ်သည်။
"တပည့်တော်များ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခု နှစ်ကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုး ပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှ ဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ကို အလှူခံ ရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိသာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာ ချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူ နိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်း လျှောက်ထားအပ်ပါသည်ဘုရား"ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
၁၇ ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရွာဗုကြီးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၆၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၇ မိုင် စော်ဘွားလေးကျောင်းတိုက်ဆရာ တော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် ဂန္ထဝါစက သာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာ သာမဏေကျော်၊ ပရိယတ္တိသာသနဟိတ သာမဏေကျော်များ၊ ၁၃၆၁ ခုနှစ်တွင် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံး ဒုတိယ) သာသနဓဇဓမ္မာစရိယ၊ နိကာယု ဇ္ဇောတက ဝိနယဓရဓမ္မာစရိယ၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုဍ္ဎိသမိတိ ဝိနယ ကောဝိဒ၊ နိကာယ ဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိ သာသန ဟိတဝိနယဓရ၊ ပရိယတ္တိ သာသနဟိတ ဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာဂန္ထဝံသ မူလ အဘိ ဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကော ဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိ တော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၉ ခုနှစ်က ကျင်းပသော အကြိမ်(၇၀)မြောက် တိပိ ဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟုဆိုအပ် သော ဝိနည်း ငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန်၊ သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ၊ သတ်မှတ်ကျမ်းစာများကို အာဂုံ ပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိကဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့ တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရသည်။ ထူးမြတ်