KNU၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက် သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၂၈။ 

KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၂၈)သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများအနေဖြင့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက် နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား ယခုခုနှစ်၊ မေလမှစတင်ထိန်းချုပ်၍ အဆိုပါဒေသ တစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာထိုသို့ အကြမ်းဖက်သမားများ

ထိန်းချုပ်ထားသည့် အဆိုပါဒေသအား တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့်

ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ ယနေ့တွင် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်

ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအ ကြမ်းဖက်သမားများ ကျေးရွာများအတွင်း ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက် ပြေးတိမ်းရှောင်လျက်ရှိရာ ယခုအခါ တပ်မ တော်စစ်ကြောင်းများက အဆိုပါဒေသတစ် ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်းအေးချမ်းလျက်ရှိနေပြီဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ပြန်လည် အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာ ဘာသာများဖြင့် ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာ ဝန်ရှိသူများက လိုအပ်သည်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43003

© 2022 - 2025 News. All Rights Reserved.