ရန်ကုန်၊ မတ် ၅
ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်ညီ ညွတ်ရေး(UPUP)ပါတီသည် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်လုံးတွင် ပါတီဝင်အင်အား အပြည့်ဖြစ်နေပြီး မြို့နယ် ခုနစ်ခုတွင် ပါတီရုံးများ ဖွင့်လှစ်ထားကြောင်း ယင်းပါတီမှ သိရသည်။
"ကျွန်တော်တို့ပါတီက UEC က သတ်မှတ်တဲ့အတိုင်း ပါတီရုံးရော၊ လူအင်အားရောက ပြည့်ပြီးသား။ မြို့နယ်ရုံးတွေက လည်း ပဲခူးတိုင်းမှာ၂၈ မြို့နယ်လုံးကုန် လုပ်ပြီးပြီ။ ပြောရမယ်ဆိုရင် မြို့နယ်ရုံးတွေက အကုန်ရှိပြီးသားပါ။ တရားဝင်ရုံးဖွင့်ထားတာနဲ့ မဖွင့်တာဘဲ ကွာပါတယ်။ ဆိုင်း ဘုတ်တင်တာကတော့ UEC က သတ်မှတ်တဲ့ အရေအတွက်အတိုင်းပဲ တင်ထားပြီးပြီ။ ကျန်တာတွေက လူတွေရှိတယ်၊ UEC မှာ စာရင်းဝင်ပြီးသား၊ သို့သော် တရားဝင် ရုံးမဖွင့်သေးတာပေါ။ တရားဝင် မြို့နယ်ခုနစ် ရုံးဖွင့်ထားပြီးပြီ။ ဖွင့်ပွဲလုပ်ပြီးသားပေါ့။ ကျန်တဲ့ ၂၁ ရုံးကတော့ ဖွင့်ပွဲမလုပ်တော့ဘူး။ မြေပြင်မှာ စာရင်းရှိတယ်။ UEC မှာ အကုန် စာရင်းဝင်ထားတယ်၊ သို့သော် ဆိုင်းဘုတ်တင်ထားခြင်း မရှိသေးဘူးပေါ့"ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြော သည်။
ယင်းပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ် ထားရှိပြီး ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ မိုးညို၊ ကဝ၊ တောင်ငူ စသည့် မြို့နယ်များတွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၄၄^၂၀၂၃)ကြေညာခဲ့ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ် မှာ(၃၉) ဖြစ်သည်။ ညီသစ်