YBS ခရီးသည်တင်ယာဉ်များပေါ်တွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုကျူးလွန်သူများအားသက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

၂၀၂၂ ရန်ကုန် ၊ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစီးနင်းအသုံးပြုလျက်ရှိသည့် YBSခရီးသည်တင်ယာဉ်များပေါ်တွင် အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှုကျူးလွန်သူများအားသက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာလုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတို့အတွက် ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်ထုတ်ခြင်း၊ စောင့်ကြည့်စုံစမ်းဖမ်းဆီးခြင်းများအား နေ့ ည မပြတ်ဆောင်ရွက်လျက်ရှိရာ YBSယာဉ်များ ပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင်TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့်ထားသည့်ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၊ ခရေပင်လမ်းနှင့် ဒညင်းကုန်း လမ်းဆုံမီးပွိုင့်တို့တွင်အဖွဲ့ငယ်များခွဲကာ သ တင်းအရ စောင့်ဆိုင်းလျက်ရှိစဉ် နံနက် ၈ နာ ရီခွဲအချိန်တွင် အဆိုပါယာဉ်အားပြည်လမ်းနှင့် ခရေပင်လမ်းဆုံမီးပွိုင့်၌ တွေ့ရှိစစ်ဆေးရာ ယာဉ်ပေါ်မှ ယာဉ်မောင်းနှင်သူလှိုင်သာ ယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ ဘိုဘိုပြည့် (ခ)ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ပဒုမ္မာလမ်းနေသူများဖြစ်သည့် ကိုကိုအောင် (ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင်ညွန့်၊ စိုးပိုင်(ခ)ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၉) ရပ် ကွက်၊ မိုင်းပွန်စော်ဘွားလမ်းနေ ခိုင်မင်းဦး(ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ရွှေလင် ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့ နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ(၄၂)နှစ်တို့ ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43012

© 2022 - 2025 News. All Rights Reserved.