တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေးဆိုတာက မဖြစ်နိုင်ဘူး၊ ပြုတ်စရာရှိရင် လူထုပဲ ပြုတ်သွားမှာ . . . ပအိုဝ်း (PNO) ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ခွန်ထွန်းရွှေ နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ မတ် ၂၀

    ရှမ်းပြည်နယ် ပအိုဝ်းဒေသအခြေအနေ၊ PNO ပြည်သူ့စစ်နဲ့ ဒေသခံပြည်သူလူထု ပူးပေါင်းဆောင်ရွက်နေမှု၊ ပအိုဝ်းအမျိုးသားနေ့ ကျင်းပခြင်းရဲ့ အနှစ်သာရများ အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသကာကွယ်ရေး၊ နိုင်ငံရေး အခြေအနေတို့အပေါ် ပအိုဝ်း (PNO) ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ခွန်ထွန်းရွှေထံ ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ပအိုဝ်းအမျိုးသားနေ့ ကျင်းပလာတာ (၇၆)နှစ်မြောက် ပြည့်မြောက်ခဲ့ပြီဆိုတော့ ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်၊ အနှစ်သာရကို ပြောပြပါဦး။
KTS    ။    ။
ကျွန်ဝောာ်တို့ရဲ့ အမျိုးသားနေ့ အဓိပ္ပာယ်အရကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို အနာဂတ် လူငယ်တွေ မမေ့ဖို့ သမိုင်းပေးတာဝန်အရ နှစ်တိုင်း လုပ်သွားရမှာပါ။ ပအိုဝ်းအမျိုးသားနေ့ ရည်ရွယ်ချက်မှာ ပြည်ထောင်စုသား တိုင်းရင်းသားအချင်းချင်း ကိုယ့်ရဲ့ယဉ်ကျေးမှုကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားသမှုရှိဖို့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရှိဖို့၊ ပြည်‌ထောင်စုအကျိုးကို သယ်ပိုးဖို့ပေါ့။ ကျွန်တော်တို့ လူကြီးတွေကတော့ လူမျိုးရေးအရ၊ ပုဂ္ဂိုလ်ရေးအရထက် ပြည်ထောင်စုအရေးကိုပဲ ဦးစားပေးလုပ်မယ်ပေါ့။ ကျွန်တော်တို့ အမျိုးသားနေ့ဟာလည်း ကျန်တဲ့ တိုင်းရင်း သားတို့လိုပဲ ဒီနိုင်ငံမှာ အေးအတူ ပူအမျှ စည်းစည်း လုံးလုံးနဲ့ နေထိုင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ နိုင်ငံရေးအရကတော့ စည်းစည်းလုံးလုံးနဲ့ ကိုယ့် ရဲ့ အမျိုးသားနိုင်ငံရေး ကို ဆက်လက်အကောင်အထည်ဖော်ဖို့ အမျိုးသားရေး ဦးတည်ချက်တွေ ရှိပါတယ်။ကျွန်တော်တို့ကတော့ ပြည်တွင်းပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ ကျွန်တော်တို့ လူကြီးတွေကလည်း သန္နိဋ္ဌာန် ချထားပါတယ်။ ဒီစစ်ရဲ့ အနိဋ္ဌာရုံကတော့ ဘယ်ဘက်ကိုမှ မှားခြင်း၊ မှန်ခြင်းကို မပြောဆိုချင်သော်လည်းဘဲ ငြိမ်းချမ်းစွာ အဖြေမရှာရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုတွေရဲ့ အိုးအိမ် ပျက်စီးဖို့ပဲ ရှိမယ်။ ကျွန်တော်တို့ တိုင်းပြည်ပဲနာမယ်။ ဒါတွေက ပြည်ထောင်စုသား အချင်းချင်းပဲလေ။ ဒီလို ရန်ဖြစ်နေလို့ကတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ဆိုတော့ အကျိုးမရှိပါဘူး။ ဆိုးကျိုးတွေချည်းပါပဲ။ ကျွန်ဝောာ်တို့နိုင်ငံမှာ ဘယ်တိုင်းရင်းသားပဲ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ အဖြေရှာတဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုပဲ သွားဖို့ ဦးတည်စေချင်တယ်။
    ဟိုတစ်ဖက် PNLO ခွဲထွက်တို့၊ ဘာတို့ကတော့ အာဏာရှင်လက်အောက်မှာ အမျိုးသားရေး လုပ်ရတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ ဒါက အမျိုးသား ရေးနဲ့မဆိုင်ဘူး။ အမျိုးသားရေးဆိုတာ ဘယ်အစိုးရ တက်တက်၊ ဘယ်ခေတ်၊ ဘယ်အခါမှာပဲဖြစ်ဖြစ် လုပ်တာကတော့ လုပ်နေရမှာပဲ။ ကျွန်တော်တို့ အမြင်ကတော့ ပြည်ထောင်စုငြိမ်း ချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး၊ ကျွန်တော်တို့ရဲ့ အနာဂတ်၊ ဒီမိုကရေစီ တည်‌ဆောက်ရေး၊ ဖက်ဒရယ် တည်‌ဆောက်ရေးတွေကိုတော့ ဦးတည်သွားဖို့ ရည်မှန်းချက်ထားပါတယ်။ ဟိုသူရိန်တို့အဖွဲ့ကတော့ အာဏာရှင်အောက်မှာ ကိုယ့်အမျိုးသား ရေးနေ့ အခမ်းအနား ကျင်းပရတာ မလွတ်လပ်ဘူးဆိုတာမျိုး ပြောနေတာ လိုင်းပေါ်မှာ တွေ့တယ်။ ဒါကတော့ နိုင်ငံတော် အစိုးရအဆက်ဆက် ပအိုဝ်းအမျိုးသားနေ့က အမျိုးသားနေ့ပဲလေ။ အမျိုးသားနေ့ဆိုတာက ကိုယ့်ရဲ့အမျိုးသားရေးကိစ္စကို မမေ့ကြဖို့ပေါ့။ အဲဒီလို ဒီနိုင်ငံရဲ့ ကောင်းကျိုးကိုပဲ ရည်မှန်းပါတယ်။

TREND ။        ။ ခွန်သူရိန် ဦးဆောင်တဲ့ PNLO ခွဲထွက်အဖွဲ့နဲ့ PNFC တို့ ပေါင်းပြီး ပအိုဝ်းအမျိုးသားနေ့ကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ပအိုဝ်းပြည်နယ် အပါအဝင် ပြည်နယ်သစ်များ ပေါ်ထွန်းရေးဆိုတဲ့ ကိစ္စတွေလည်း ပအိုဝ်းအမျိုးသားနေ့ ကျင်းပတဲ့ ရည်ရွယ်ချက်ထဲမှာ ပါတယ်လို့ ဖတ်လိုက်ရတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
KTS    ။    ။
ဖက်ဒရယ်ကိစ္စတို့၊ စောစောကပြောတဲ့ ပြည်နယ်သစ် ပေါ်ထွန်းရေးတို့ ဆိုတာကတော့  တိုင်းရင်းသားတိုင်းမှာ သူရဲ့ နိုင်ငံရေးရည်မှန်းချက်အဖြစ် ကိုယ်စီရှိနေကြပါတယ်။ ဒီပြည်နယ်သစ် ပေါ်ထွန်းရေး ကိစ္စကတော့ ကျွန်တော်တို့ လူကြီးတွေ ပြောသံတော့ မကြားဖူးဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်အမျိုးသားနေ့မှာ အေး‌အေးချမ်းချမ်းနဲ့ စည်းစည်းလုံးလုံးပဲ ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ ဖက်ဒရယ်ရေးတို့၊ ပြည်နယ်အရေး ကိစ္စတွေက အခုအချိန်မှာ တောင်းဆိုဖို့ အချိန်မတန်သေးဘူး၊ အဓိကက တိုင်းပြည် တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို အရင်တည်ဆောက်ရမှာ။ ပလောင်တို့၊ ဘာတို့လို ဟိုတောင်း၊ ဒီတောင်း တောင်းနေတာမျိုးက ဒါလွှတ်တော်မှ မဟုတ်တာ။ ဒါတွေက ဒီမိုကရေစီ လမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်း ပေါ်လာမှ ဆွေးနွေးတောင်းဆိုလို့ရတာ။ လွှတ်တော်လည်းပေါ်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်မှပေါ့။ ဒါကြောင့် အချိန်မကျသေးတော့ အသံကြောင့် ဖားသေရုံပဲ ရှိမှာပေါ့။ ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေးဆိုတာက သူတို့က လူကြားကောင်းအောင်၊ လူထုအကြိုက် ပေါ်ပင်လုပ်တာပေါ့။ တကယ်တမ်း လက်တွေ့ကျတော့ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ဆိုတာ နိုင်ငံတော်အစိုးရရဲ့ သဘောထား၊ တိုင်းရင်းသား အားလုံးတွေရဲ့ ဆန္ဒသဘောထား အများကြီး လိုသေးတယ်။ သွားရမယ့် လမ်းတွေက အများကြီးရှိတယ်။ အခု လောလောဆယ်ကတော့ ကျွန်တော်တို့ကတော့ တိုင်းပြည်အေးချမ်းမှုနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အဓိကထား ရမှာပါ။ ဒီအချိန်မှာ အသံကောင်း ဟစ်နေကြတယ်လို့ပဲ မြင်ပါတယ်။ ဟိုးအရင်တုန်းကလည်း ဗကပ လိုပေါ့ဗျာ။ မြန်မာပြည် ၆၄ သိမ်းမယ် ဘာညာပေါ့ဗျာ။ အမှန်က တိုင်းရင်းသားတွေကတော့ ပင်လုံစာချုပ်အရက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်ကတော့ ပင်လုံစာ ချုပ်မှာကတည်းက ပါထားပြီးသားပဲလေ။ အဲဒါကတော့ ရှည်ရှည်ဝေးဝေးသိပ်ပြီး ပြောနေဖို့ မလိုပါဘူး။ ဒါက ကမ္ဘာသိ၊ နိုင်ငံသိပဲလေ။

TREND ။        ။ ပအိုဝ်း‌ဒေသရဲ့ လက်ရှိအနေအထားကို ပြောပြပါဦး။
KTS    ။    ။
ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း သုံးမြို့နယ်ရှိတယ်။ တော်တော်များများ အေးချမ်းတယ်။ ဟိုပုံးလည်း အေးချမ်းတယ်။ ပင်လောင်းလည်း အေးချမ်းတယ်၊ ဆီဆိုင် တောင်ဘက်ခြမ်းမှာတော့  နည်းနည်းပါးပါး ဆူဆူပူပူ ရှိတာ။ ကျန်တဲ့ ပင်လောင်းတို့၊ ဟိုပုံးတို့ ဘက်ကတော့ အေးချမ်းပါတယ်။ ဆီဆိုင် တောင်ဘက် အခြမ်း ကယားအစပ်‌တွေမှာတော့ မကြာခဏ ထိတွေ့မှု တွေရှိတယ်။

TREND ။        ။ ပြီးခဲ့တဲ့ ကာလတွေတုန်းက ပအိုဝ်းဒေသမှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့လို့ နယ်မြေဒေသ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေရှိတော့ PNLO ခွဲထွက် အဖွဲ့ရဲ့ ရပ်တည်လှုပ်ရှားနေမှုတွေအပေါ်  ပအိုဝ်းလူထု အမြင်က ဘယ်လိုရှိနေကြလဲ။
KTS    ။    ။
သိပ်ပြီး မှတ်ချက်မပေးချင်ဘူး။ ကျွန်တော်တို့ ပအိုဝ်းလူမျိုးစုအတွက်ကတော့ မျက်မြင်အနေနဲ့က ဆီဆိုင်တစ်မြို့လုံးတောင် ပြာကျခဲ့ပြီးပြီပဲလေ။ PNLO ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်ပအိုဝ်းမှ အကောင်း မမြင်ကြဘူး။ မှန်ကန်တဲ့ အမျိုးသားရေးကို ချစ်တဲ့ ပအိုဝ်းဆိုရင် သူတို့အပေါ် အမြင်မကြည်ကြတော့ဘူး။ ဒါကတော့ သူတို့ပြောတာထက် သမိုင်းသက်သေက ပြနေတာပဲလေ။ ဆီဆိုင်တစ်မြို့လုံး အဲဒီတုန်းက ပြာကျ၊ မဲနယ်တောင် တစ်ခုလုံး ရွာပျက်၊ မီးလောင်၊ ဘုန်းကြီးကျောင်း မီးလောင်ခဲ့တာ ဆိုတော့ ဒါတွေက သူတို့ရဲ့ သမိုင်းသက်သေပဲလေ။ ခံရတဲ့သူက တစ်သက် ဘယ်မေ့မလဲ။ ဥပမာလက်သီးနဲ့ ထိုးသူကတော့ မေ့ရင်မေ့မယ်၊ ခံရတဲ့သူကတော့ ဘယ်မေ့မလဲ။ သူတို့အပေါ် မပြောထွက်ရဲလို့သာ မပြောချင် မပြောဘဲနေလိမ့်မယ်။ ဒီတစ်သက် သူတို့ မမေ့ဘူး။ သူတို့သားသမီးတွေ၊ သူတို့ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ ဆုံးရှုံးခဲ့ရတာတွေက နည်းတာမှ မဟုတ်တာ။ ဒါကြောင့် ပအိုဝ်းလူထုက မမေ့ဘူး။

TREND ။        ။ လက်ရှိ PNLO ခွဲထွက်အဖွဲ့က ဘယ်လိုပုံစံ လှုပ်ရှားနေကြလဲ၊ သူတို့နဲ့  ထိတွေ့မှုဖြစ်တဲ့ အခြေအနေကိုလည်း ပြောပြလို့ရသလောက် ပြောပေး ပါဦး။
KTS    ။    ။
သူတို့က အခါအားလျော်စွာပေါ့။ ကျွန်တော်တို့ စခန်းထိုင်တွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာတို့ အဝေးကနေ လာပြီးတော့မှ ချောင်းမြောင်းပစ်တာတို့ လှုပ်ရှားနေကြတယ်။ ကျွန်တော်တို့က လှုပ်ရှားတာရှိတယ်။ အထိုင်ရှိတယ်ဆိုတော့ မကြာခဏ ထိတွေ့မှု ရှိနေတယ်။ ကြိုးကြားကြိုးကြားပေါ့။ကျွန်တော်တို့ကတော့ ကျွန်တော်တို့နယ် မကျူးကျော်လာအောင် အတတ်နိုင်ဆုံး ဘက်ပေါင်းစုံက နေပြီးတော့ ဝာာဝန်ယူ ကာကွယ်ဆောင်ရွက် ပေးနေရတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မပျက်စီးမဆုံးရှုံးအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနေရတယ်။ အခုက ညောင်ရွှေမြို့နယ်တို့၊ ဆီဆိုင်တို့ အဲဒီ‌တစ်ကြောပေါ့။ ပင်လောင်းကတော့ နည်းနည်းလေး အေးနေတယ်။ အခုလောလောဆယ်ကတော့ ကြိုးကြားကြိုးကြား ဆီဆိုင်နဲ့ ညောင်ရွှေ တောင်ဘက် ခြမ်းပေါ့။ သူတို့က ပူးပေါင်းအဖွဲ့တွေနဲ့ PDF တွေရော၊ NUG တွေရော၊ TNLA တွေရောပေါ့ဗျာ။ သူတို့ အင်အားကတော့ နည်းခြင်း၊ များခြင်း မပြောလိုတော့ဘူး။ လူထု ထောက်ခံမှုမရှိတဲ့ အဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ တာရှည်မခံဘူး ဆိုတာ သမိုင်းသက် သေရှိပြီးသားလေ။ အခု ခွန်သူရိန်တို့ PNLO ခွဲထွက် အဖွဲ့ဆိုရင် ဘုန်းကြီးရဟန်း၊ ပြည်သူကအစ ဘယ်သူမှ မထောက်ခံဘူးဆိုတော့ သူ့တို့လမ်း သူတို့ ရွေးရတော့ မှာပေါ့။ သူ့တို့ကိုသာ ထောက်ခံခဲ့မယ်ဆိုရင် ဆီဆိုင်မြို့နယ်ထဲ သူတို့ ဝင်ထွက်သွားလာလို့ ကောင်းကောင်း ရမှာပေါ့။ အခုက သူတို့ကို ပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ လူထုက ကျွန်တော်တို့ အဖွဲ့အစည်းနဲ့  ပူးပေါင်းပြီး သူတို့ (PNLO)ကို အဝေးကိုတော့ မောင်းထုတ်နေကြတယ်။ သူတို့ကတော့ တဖြည်းဖြည်းနဲ့ ကယားဘက် ရောက်သွားပြီ။ ကျွန်တော်တို့ ပအိုဝ်းနယ်မြေနဲ့တော့ တဖြည်းဖြည်းနဲ့တော့ ဝေးဝေးသွားနေပါပြီ။ အခုတောင် မှ ပအိုဝ်းဒေသနဲ့ ကယားအစပ် အဲဒီနေရာမှာပဲ လှုပ်ရှားနေကြတယ်။ အတွင်းပိုင်းကိုတော့ သူတို့ မလာနိုင်တော့ ပါဘူး။

TREND ။        ။ PNO ပြည်သူ့စစ်အပေါ် ဒေသခံ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လို အခြေအနေရှိလဲ၊ အားရကျေနပ်မှုရှိလား။
KTS    ။    ။
ကျွန်တော်အဖွဲ့က ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်နေပါတယ်။ အားလုံး အဆင်မပြေဘူး ဆိုရင်တောင်မှ အလုပ်လုပ်လို့ ရနေပါတယ်။ အဓိကကတော့ ကျွန်တော်တို့ PNO ပြည်သူ့စစ်အနေနဲ့က ကျေးရွာလူထု ပူးပေါင်းဆောင်ရွက်မှု နှစ်မျိုးရှိတယ်။ အမာခံအဖွဲ့တွေကတော့ ကျရာတာဝန် ဆောင်ရွက်ရတယ်။ ပအိုဝ်းဒေသမှာ အားလုံး တာဝန်ယူပေးရတယ်။ ကျေးရွာမှာ လှုပ်ရှားနေကြတဲ့ အဖွဲ့က တော့ သူတို့ဒေသ၊ သူတို့ကျေးရွာ၊ သူတို့ မြို့နယ်အုပ်စုတွေမှာပဲ သူတို့လှုပ်ရှားရတာ။ ကျွန်တော်တို့ အမာခံတွေလိုတော့ မဟုတ်ဘူးပေါ့။ အဲဒီလိုလေး နှစ်မျိုးနှစ်စား ခွဲပြီးတော့ လှုပ်ရှားကြပါတယ်။ ပြီးတော့  ကျွန်တော်တို့ရဲ့ ပြည်သူ့စစ် အမာခံတွေနဲ့ ရွာသားတွေက ၁၀ ရက်တစ် ကြိမ်၊ ၁၅ ရက် တစ်ကြိမ်။ တချို့လည်း တစ်လတစ်ကြိမ် အဲဒီလို ပူးပေါင်းဆောင်ရွက်နေတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ကျေးရွာ လုံခြုံရေးနဲ့ ကိုယ့်ဒေသလူထုတွေရဲ့ အိုးအိမ်စည်းစိမ်တွေ မပျက်စီး၊ မဆုံးရှုံးရအောင် သူတို့ရဲ့ ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ကျွန်တော်တို့ PNO ပြည်သူ့စစ်အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့ အားရပါတယ်။ အခက်အခဲလေးတွေတော့ ရှိပါတယ်။ လူဆိုတာကတော့ ဘုရားမှ မဟုတ်တာ၊ လူ တစ်ကိုယ် အပူတစ်ခုပေါ့။ အထစ်အငေါ့တချို့ ရှိကောင်းရှိမှာပါ။ အခက်အခဲကတော့ သူတို့ တာဝန်ယူရတဲ့အ ချိန်မှာ စိုက်ရေးပျိုးရေးကိစ္စ မအားတာ တို့၊ ဘာတို့ တချို့ ရှိကြတယ်။ အချိန်မပေးနိုင်ကြတာတချို့ ရှိတယ်။ တချို့ လည်း ခရီးလွန်နေကြတာမျိုး အခက်အခဲတချို့ပါ။ စီးပွားရေး အဆင်မပြေတာလည်း ရှိကြတာပေါ့။ သို့သော်လည်းပဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခက်အခဲကို ရှေ့တန်း မတင်ဘဲနဲ့ ကိုယ့်ဒေသလုံခြုံရေးအတွက်ကိုတော့ ပအိုဝ်း လူထုအများစုက PNO ပြည်သူ့စစ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်ရွာ၊ ကိုယ့်နယ်မြေဒေသ လုံခြုံအောင်  အသက်ပေးပြီး ကာကွယ်မယ်လို့ သူတို့သန္နိဋ္ဌာန် ချထားကြတယ်။ သူတို့‌ဒေသအတွက် လူထုက ထွက်ပြီးတော့ ကာကွယ်ပေးကြတယ်။ လူငယ်တွေက ကိုယ့်ရဲ့အမျိုးသား အရေး၊ ကိုယ့်ရဲ့ ဓလေ့ထုံးတမ်း၊ ဘာသာ၊ သာသနာ ကာကွယ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်။ ဟို PNLO အဖွဲ့တွေက ငါတို့ကို လာနှောင့်ယှက်တယ်၊ ဒီကောင်တွေကို ငါတို့ အတွက်၊ ငါတို့ဒေသအတွက် ဘာမှ လုပ်မပေးဘူး၊ ဘာမှ အကျိုးမရှိဘူး။ တစ်ချိန်တစ်ခါတုန်းကလည်း လမ်းတံတား၊ မီး၊ ရေ၊ စာသင်ကျောင်းကအစ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ကပဲ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးယူပြီးတော့ လုပ်ပေးတယ်။ ငါတို့တစ်တွေ ပညာတတ်တယ်။ စီးပွားရေးဖြစ်တယ်။ တိုက်၊ အိမ်၊ ကား ဝယ်နိုင်တယ်။ အဲဒါတွေက PNO ပဲ လုပ်ပေးတာ။
    တစ်ချိန်တစ်ခါတုန်းက ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ရလလဖ အဖွဲ့ဖွဲ့ပြီး ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ဖို့ ဆိုပြီးလုပ်တာ ပိုက်ဆံလိုတော့လည်း ပအိုဝ်းလူမျိုးတွေဆီပဲ တောင်းတယ်။ လူလိုတော့လည်း ပအိုဝ်းပဲတောင်းတယ်။ သူတို့ ပါးစပ်ကသာ ရှမ်းပြည်တစ်နယ်လုံး လွတ်မြောက်ရေးလို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် ငါတို့ပဲ ဒုက္ခရောက်ခဲ့ကြရတာပဲဆိုပြီး  လူငယ်တွေက PNLO အပေါ် အမြင်မကြည် လင်ကြဘူး။ မရှင်းလင်းကြဘူး။ သူတို့ကိုလည်း မလိုလားကြဘူး။ သူတို့ကို မလိုလားလို့လည်း သူတို့ဟာ အင်နဲ့အားနဲ့ KNDF တွေနဲ့၊ တအာန်း(ပလောင်)နဲ့ ဝင်လာတာကို ပြည်သူက လက်မခံကြဘူးလေ။ ပြည်သူတွေက လက်မခံတော့ ပြေးရတာပေါ့။ အခု သူတို့ ရှမ်း၊ ကယား အစပ်ရောက်သွား ပြီ။

TREND ။        ။ လက်ရှိ ခွဲထွက်အဖွဲ့ရဲ့ ပအိုဝ်းလူထုကို စည်းရုံးပုံစံ၊ တပ်သားစုဆောင်းတဲ့ ဖြစ်စဉ်တွေကို ဘယ်လိုပုံစံမျိုး‌ တွေ့‌နေရလဲ။
KTS    ။    ။
လူတောင်းတာရှိတယ်။ ပိုက်ဆံ တောင်းတာ ရှိတယ်။ လူငယ်တွေလည်း တောင်းတယ်။ မိန်းကလေးက အစ ဝင်ရမယ်ဆိုတာမျိုး၊ မဝင်မနေရ ပြောတယ်။ မဝင်ရင် ကျေးရွာတွေကို ဒဏ်ရိုက်တာတွေ လုပ်တယ်။ သူတို့က အကြောက်တရားနဲ့လည်း စည်းရုံးတာကိုး။ သူတို့အဖွဲ့ထဲ မဝင်ရင် သူတို့နယ်မှာ မနေရ။ ပစ်မယ်ခတ်မယ်၊ သတ်မယ်ဖြတ်မယ်ဆိုတော့ နီးရားဓား ကြောက်ရတဲ့ လူငယ်တွေလည်း မလွှဲသာ မရှောင်သာ PNLO ခွဲထွက် အဖွဲ့ထဲ ဝင်နေရတယ်။  အမှန်တကယ် စိတ်ရင်းစေတနာ၊ စိတ်ဆန္ဒပါလို့ သွားတဲ့ လူငယ်တွေ သူတို့အဖွဲ့ထဲမှာ မရှိပါဘူး။ နောက် ပြစ်မှုကျူးလွန်ထားတဲ့သူတွေ၊ ဥပဒေဘောင်ထဲမှာ နေလို့မရတဲ့သူတွေ ခပ်များများ သူတို့ထဲကို ရောက်သွားကြတာ မျိုးတွေလည်း ရှိတယ်။ ဥပမာ တချို့လည်း မူးယစ်နဲ့ နိုင်ငံတော်အစိုးရက ဖမ်းမိတာပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ဖွဲ့က မိတာပဲဖြစ်ဖြစ် အဲဒီလို အခြေအနေမှာ ထွက်ပြေးကြတယ်။ အဲဒီလို ထွက်ပြေးတဲ့ သူတွေကို သူတို့ပဲ လက်ခံတယ်။ ပြီးရင် တပ်သားလုပ် ခိုင်းတာပေါ့။ လူအင်အား စုဆောင်းတာက အဲဒီလို နည်းတွေလည်းပါတယ်။ အကြောက်တရားနဲ့လည်း စုဆောင်းကြတယ်။

TREND ။        ။ လက်ရှိ နိုင်ငံရေး ပဋိပက္ခမှာ ဘယ်ဘက်ကိုမှ မှားခြင်း၊ မှန်ခြင်း မပြောဘဲ ငြိမ်းချမ်းစွာ အဖြေရှာဖို့လိုတယ်လို့ သုံးသပ်ထားတော့ ငြိမ်းချမ်းစွာ အဖြေရှာမယ့် နည်းလမ်းကို ဘယ်လိုလမ်းစဖော်မလဲ။
KTS    ။    ။
လက်တွေ့ကတော့ အရပ်စကားနဲ့ပြောရရင် ပုဂ္ဂိုလ်ရေးခင်တော့ တရားမင်တယ်ပေါ့။ ဆိုတော့ အလွတ်သဘောတွေ့ဆုံတာပဲဖြစ်ဖြစ်၊ တရားဝင် ဆွေးနွေးပွဲ မဟုတ်တောင်မှ အလွတ်သဘောနဲ့ ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ မကြာမကြာ တွေ့ပေးဖို့တော့ လိုပါတယ်။ စစ်အရှိန်လျော့ဖို့ကတော့ အခုအချိန်မှာက တစ်ဖက်နဲ့တစ်ဖက်က မ‌လျှော့ကြဘူးဆိုတဲ့ အနေအထား တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရ ခင်အောင်တော့ စပြီး လမ်းခင်းဖို့ လိုတယ်။ သံခင်းတမန်ခင်း အရသော်လည်း ကောင်း၊ နိုင်ငံတော်အစိုးရဘက်က လူကြီးတွေနဲ့ တစ်ဖက်အဖွဲ့အစည်း‌တွေဘက်က လူကြီး‌တွေနဲ့ပေါ့။ ပြဿနာတွေကတော့ ဖြစ်ခဲ့တာ ပြီးခဲ့ပြီပေါ့။ ဒါတွေကို တစ်‌ယောက်နဲ့ တစ်ယောက် အပြစ်ဖို့လို့ စစ်ရေးအရ ဖြေရှင်းနေလို့ကတော့ တိုင်းပြည်ပဲ နာမှာပေါ့။ တိုင်းပြည်နာတယ် ဆိုတာကလည်း တိုင်းတစ်ပါးသားနဲ့ မဟုတ်ဘဲ ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်းပဲဗျာ။ အချင်းချင်း ကင်းကွာလို့မှ မရတာ။ တစ်နိုင်ငံတည်းနေ တစ်ရေ တည်း သောက်နေကြတာလေ။ ကင်းကွာလို့ မရဘူး။ ဒါကြောင့် မြန်မြန်လေးပဲ ငြိမ်းချမ်းစွာ အဖြေရှာကြမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းပြီပေါ့။ သူ့ကြောင့်၊ ကိုယ့်ကြောင့် အပြစ်ဖို့နေလို့ ပြီးမှာမဟုတ်ဘူး။ သူပုန်က အစိုးရပြုတ်အောင် တိုက်မယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ KNU နှစ် ၈၀ ၊ ဗကပ နှစ် ၅၀ တိုက် လာခဲ့တာပဲ။ နောက်ဆုံးတော့ တွေ့ဆုံဆွေးနွေး နိုင်ငံရေးလမ်းကြောင်းနဲ့ပဲ ပြီးသွားကြတာပဲ။ ဒါကြောင့် ဒီအခြေအနေကြီးက  ငြိမ်းချမ်းစွာ အဖြေရှာကြမှပဲရမှာပါ။အဲဒီလိုမှ မဖြေရှင်းဘူး ဆိုရင်တော့မရဘူး။ ပြီးတော့ သမိုင်းအတွေ့အကြုံအရ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေးဆိုတာက မဖြစ်နိုင်ဘူး၊ ပြုတ်စရာရှိရင် လူထုပဲ ပြုတ်သွားမှာပါ။ ဒါကြောင့် လူထုတွေ မနစ်နာအောင်၊ စည်းစိမ်ဥစ္စာတွေ မပျက်စီးအောင်၊ အဓိကကတော့ တိုင်းပြည်မနာအောင် အဲဒါကို သက်‌ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးမင်းများ အားလုံး ညှိညှိနှိုင်းနှိုင်း အမြန်ဆုံး လုပ်ဆောင်သင့်ပါပြီ။ ကျွန်တော်တို့ကတော့ ဒီနိုင်ငံတည် ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဒီ့ထက်မက ထမ်းပိုး ဆောင် ရွက်သွားဖို့ ရပ်တည်ဆောင်ရွက်နေပါတယ်။ ဒီအခြေအနေမှာက မှားခြင်း၊ မှန်ခြင်းတွေကတော့ ပြီးခဲ့ တာတွေက ပြီးခဲ့ပါပြီး တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ဖို့နေလို့ကတော့ ဘာမှ အကျိုးရှိလာမှာ မဟုတ်ပါဘူး။ တိုင်းပြည်ပဲ နာမှာပါလို့ပဲ ပြောကြားလိုပါတယ်။

TREND ။        ။ နောက်ဆုံး မေးခွန်းအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ်က မြန်မာနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော်ပြီး ရောက်လာတဲ့ကိစ္စပါ။ သူက CNF, CAN ချင်း PDF အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရတယ်။ ပြီးတော့ အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန် လွှတ်တော်အမတ် တစ်ဦးကလည်း တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး အရင်သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားခဲ့ပါတယ်။ ဒီလို ပြောဆိုခဲ့မှုနဲ့ နယ်စပ် ဖြတ်ကျော် ဝင်လာမှုတို့အပေါ် ဘယ်လို မှတ်ချက်ပြုချင်လဲ။
KTS    ။    ။
အဲဒီကိစ္စက လိုင်းပေါ်ကနေ ဖတ်လိုက်ရတယ်။ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ကတော့ လက်မခံဘူး။ တိုင်းရင်းသားတွေ အားလုံးကလည်း လက်ခံကြမှာ မဟုတ်ဘူး။ ဒါက ဘိုးစဉ်ဘောင်ဆက် အဆက်ဆက် နေလာခဲ့တဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေလေ။ ဒါကို ထိကပါး ရိကပါး လာလုပ်ရင်တော့ ကျွန်တော်တို့ကတော့ ကာကွယ်ရမှာပါ။ နိုင်ငံရေးနည်းလမ်းအရလည်း ဖြေရှင်းရမယ်၊ သံခင်းတမန်ခင်းအရလည်း ဖြေရှင်းရမယ်။ အဲဒီလိုမှ မရရင်တော့ နောက်ဆုံးအဆင့်က လက်နက်နဲ့ ဖြေရှင်းရမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ စည်းလုံးဖို့ လိုပါတယ်။ မစည်းလုံးရင် ကဖျက်ယဖျက်‌တွေက တိုင်းတစ်ပါးကတောင် လုပ်လာမယ်ဆိုတာကို ဟိုးအစောပိုင်းက တည်းက သုံးသပ်ထားပါတယ်။ နိုင်ငံတစ်ခုရဲ့ အခြေအနေ၊ မစည်းလုံးမှု ဒါတွေဟာ သူတို့ရဲ့ အခွင့်အရေးအဖြစ် သုံးချလာကြမှာပဲ။ အဲဒီတော့ ကျွန်တော်တို့က ပြည်တွင်းငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား‌တွေလိုချင်တဲ့ အခွင့်အရေးတွေလည်း ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ကိစ္စ၊ ဒီမိုကရေစီအရေးတွေကိုလည်း နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးတာမျိုးပေါ့။ မဟုတ်ရင် သူတို့က နယ်စပ်ကနေ ချင်းကလည်းချင်း အလိုက်၊ နာဂကလည်း နာဂအလိုက် ဟိုးအရင်တစ် ခါကတောင်မှ နာဂက ဘာပြော‌ခဲ့သေးလဲဆိုရင် အိန္ဒိယနယ်စပ်နဲ့ မြန်မာနယ်စပ်ပေါင်းပြီးတော့မှ နာဂပြည်ထူထောင်ဖို့ဆိုပြီး တစ်ခါကြားခဲ့ဖူးတယ်။ အခုလည်း အဲဒီလို ပုံစံနေမှာပေါ့။ ရှင်းရှင်းပြောရရင် ကိုယ့်အသားထဲက လောက်ရှိလို့ မဏိပူရပြည်နယ်အမတ်က ပြောရဲတာပေါ့။ ဒါကတော့ ကျွန်တော်တို့ လက်ခံလို့မရဘူး။ သူတို့ပိုင်တယ်ဆိုရင် အချုပ်အခြာအာဏာ အဲဒီကာလတုန်းကတည်းက သက်ရောက်ရမှာ၊ အခုမှ လာပြောတယ်ဆိုတာက ဒါကျွန်တော်တို့ကို သက်သက်စော် ကားတာပဲ။ ပြီးတော့ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ကိစ္စ၊ အမှန်က သူလည်း အိန္ဒိယလွှတ်တော်အမတ်တစ်‌ယောက်ာပဲ။နယ်စပ်‌ဆိုရင် နယ်စပ်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ လုံခြုံရေး အဖွဲ့တွေ ရှိတာပဲ။ အဲဒီလို သက်ဆိုင်ရာ ဒီနိုင်ငံအစိုးရ ဘက်နဲ့ တရားဝင်ဆ ပဲဗျာ။ ကျွန်တော်တို့ နိုင်ငံတော် အစိုးရနဲ့ဆက်သွယ်ပြီး တရားဝင်ခွင့်တောင်းတာမျိုး သူတို့မှာ သံရုံးတွေရှိတက်သွယ် အသိပေးတာ၊ ခွင့်ပြုချက် တောင်းပြီး လုပ်ရမယ့်ကိစ္စလေ။ ဒါကို ဒီလိုဝင်လာတယ်‌ ဆိုတာက ဒါကျွန်တော်တို့ကို သက်သက်စော်ကားတာပဲ။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ ကျွန်တော်တို့နိုင်ငံရဲ့ စည်းမျဉ်းတွေကို စော်ကားတာပဲလို့ မြင်ပါတယ်။ ( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.