၂၀၂၅ ဖေဖော်ဝါရီ ၆
ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)တွင် လွတ်လပ်ပြီး တရားမျှတမှု အပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန် လိုအပ်ချက်များကို အရှိန်အ ဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ခြောက်လသက်တမ်း တိုးမြှင့်ပေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ 'နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လတိုးမြှင့် သတ်မှတ်ကြောင်း' တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်လိုက်တဲ့အပေါ် သုံးသပ်ပေးပါဦး။
Dr.AM ။ ။ လက်ရှိ အနေအထားအရ စစ်ရေးအရလည်း ဖြေရှင်းဖို့ လိုအပ်နေသေးတယ်။ နိုင်ငံရေးအရလည်း ဖြေရှင်းဖို့ လိုအပ်နေသေးတဲ့ကာလလို့ တစ်အချက်အနေနဲ့ ပြောရမှာပေါ့။ ဒုတိယတစ်ချက်က နစကရဲ့ ရှေ့လုပ်ငန်းစဉ်မှာ ပါတယ်။ ရွေးကောက်ပွဲကြီးတစ်ခု သမာသမတ်ကျစွာ ကျင်းပပေးမယ်၊ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်နဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ကို နိုင်ငံ့တာဝန် လွှဲအပ်ပေးဖို့ဆိုတဲ့ ရည် မှန်းချက်ကြီး နှစ်ခုကလည်း ရှိတယ်။ နောက် သုံးအချက်က နစက ရဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ အထူးသဖြင့် ငွေရေးကြေးရေး လုပ်ငန်းတွေက မပြီးပြတ်သေးဘူး။ အဲဒီတော့ အနည်းဆုံး ဘတ်ဂျက်နှစ်ကုန်တဲ့ မတ်လ ၃၁ ရက်အထိ ငွေစာရင်း ပြီးပြတ်မှုဆိုတာ လိုအပ်သေးတာပေါ့။ အဲဒါက အခြေခံအချက် သုံးချက်ပေါ့။ ကာ/လုံ အစည်းအဝေး ကျင်းပတယ်၊ ခြောက်လ သက်တမ်းတိုးတယ်။ ၂၀၂၄-၂၅ ဘတ်ဂျက်နှစ်က မတ် ၃၁ ဆုံးခန်း တိုင်မှာပေါ့။ အဲဒီကာလမှာ နစကသည် ဘယ်လို ရှေ့ဆက်သွားမှာလဲ၊ အဲဒီကာလအထိ သွားတဲ့အနေအထားမှာ နိုင်ငံရေး အခြေ အနေ၊ စစ်ရေးအခြေအနေကို ဘယ်လိုသွားမှာလဲ။ သူ့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ဖို့အတွက် နိုင်ငံ့တာဝန် အလွှဲအပြောင်းလုပ်မယ့် ရည်မှန်းချက်သည် ဘယ်လိုအခြေအနေ ရှိမှာလဲဆိုတာ တစ်ခေါက် ပြန်သုံးသပ်ဖို့ လိုဦးမှာပေါ့။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်အတိုင်းသွားဖို့ ရည်မှန်းထားတယ်လို့ သုံးသပ်မိပါတယ်။ ရွေးကောက်ပွဲအတွက် တိကျမှန်ကန်တဲ့ မဲစာရင်းရဖို့ လိုအပ်နေသေးတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်း မှုနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ လုံခြုံမှု အစီအမံကလည်း လိုအပ်သေးတော့ ခြောက်လ သက်တမ်းတိုးတာဟာ လိုအပ်ချက်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မှန်းတာ သည် သြဂုတ် ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက် အတွင်း အောင်မြင်ပြီးမြောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မှာလား၊ သူ့ထက်စောပြီး ကျင်းပပေးရင် ကောင်းမှာလားဆိုတဲ့ မေးခွန်းနှစ်ခုကတော့ နစကမှာ အဖြေရှိပြီးသား ဖြစ်မှာပါ။ လက်ရှိအနေအထားအရ ဘတ်ဂျက်နှစ်ကုန်တဲ့ မတ်လ ၃၁ ရက်အထိ အဲဒီကာလ အခင်းအကျင်းမှာ မဲစာရင်းတို့၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့ စသည်ဖြင့် တိတိကျကျ ပြင်ဆင်ပြီးပြီဆိုရင် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါ ကြောင့် ရွေးကောက်ပွဲကြီးဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင်မှာ ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်မယ်လို့လည်း သုံးသပ်ပါတယ်။ ဒါကြောင့် ၂၀၂၆ ဇန်နဝါရီလအတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ ပေါ်ထွန်းလာနိုင်ပါတယ်။ လွှတ်တော်ခေါ်ခြင်းတွေလည်း ဇန်နဝါရီ ၃၁ ရက်ကစပြီး ဖြစ်နိုင်တယ်။ ဖေဖော်ဝါရီ ၁ ရက်လောက်က စပြီးတော့ မတ်လ ၃၁ ရက်အတွင်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ တခြားအဖွဲ့ အစည်းတွေ ဖွဲ့စည်းပြီးမှ ၂၀၂၆ မတ်လ ၃၁ ရက်မှာ ရွေးကောက်ခံ အမတ်တွေနဲ့ ရွေးကောက်ခံမှုအရ အစိုးရတစ်ရပ် ပေါ်ထွန်း လာနိုင်တယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသည် နိုင်ငံ့တာဝန် လွှဲပြောင်းပြီးတော့ ဧပြီ ၁ ရက် ၂၀၂၆ မှာ အစိုးရသစ်သည် သူ့ရဲ့ ငါးနှစ်တာကာလကို ခရီးနှင်နိုင်မယ်လို့ အကြမ်း ဖျင်း သုံးသပ်ပါတယ်။

အခုကာလကစပြီးတော့ စစ်ရေး၊ နိုင်ငံရေးကို သုံးသပ်ပါလိမ့်မယ်။ စစ်ရေး၊ နိုင်ငံရေးအရ ရွေးကောက်ပွဲကြီး ပေါက်မြောက်အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဘတ်ဂျက်နှစ်ကုန်တဲ့အထိ၊ တစ်နည်းအားဖြင့် မတ်လ ၃၁ ရက်အထိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပါလိမ့်မယ်။ တကယ်လို့ အဆင်ပြေတယ်၊ ရွေးကောက်ပွဲကြီးကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်နှင်းပြီးမှ လာမယ့် ခြောက်လအတွင်းမှာ ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခြေ ရှိတယ်လို့ မတ်လ ၃၁ ရက်လောက်မှာ သုံးသပ်ရင် အဲဒီကာလမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုခေါ်ပြီး ဧပြီ ၁ ရက်ကနေ ခြောက်လ တာကာလအတွင်း ရွေးကောက်ပွဲကြီး တစ်ခုဟာ ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ မတ်လ ၃၁ ရက် အထိ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး ရာသီဥတုဟာ ခြောက်လတာ ကာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပ နိုင်ခြေမရှိသေးဘူးလို့ သုံးသပ်ရင် ဇူလိုင် ၃၁ ရက်အထိ အခုယူထားတဲ့ ခြောက်လတာကာလအထိ ဆုံးခန်းတိုင်အောင် နစကအနေနဲ့ သွားနိုင်ပါတယ်။ အဲဒီတော့ ၂၀၂၅ သြဂုတ် ၁ ရက်က စပြီးတော့ ဒီဇင်ဘာ ၃၁ ရက် အတွင်းမှာ အလီလီကျင်းပတဲ့ ရွေးကောက်ပွဲကြီးဟာ ပေါ်ထွန်းလာနိုင်ပါတယ်။
TREND ။ ။ အရေးပေါ်ကာလ ခြောက်လတာမှာ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေ အနေတွေအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
Dr.AM ။ ။ ဖြစ်လာနိုင်ဖွယ်ကတော့ အခု ရှမ်းမြောက်အခြေအနေကလည်း တစ်စုံတစ်ခု အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းမှုကို ရောက်အောင် သွားနိုင်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တိုက်ရိုက်အချိုးကျတဲ့အခါမှာ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွန်းမှုနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ယူနိုင်မယ် ဆိုတဲ့ဘက်နဲ့ တရုတ်တို့၊ အိန္ဒိယတို့ကလည်း သွားပါတယ်။ အဲဒီလိုပဲ တခြား အာဆီယံဘက်ကလည်း သွားနေပါတယ်။ ဥရောပဘက်ကလည်း သွားနေပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲသည် ကမ္ဘာတစ်ခုလုံးက မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်လို့ လိုလားချက်တစ်ခု ဖြစ်နေပါတယ်။ နစကရဲ့ဦးတည်ချက်မှာလည်း အဓိက ပါပါတယ်။ ကာလသည်သာလျှင် ဘယ်တော့ကျင်းပမှာလဲ ဆိုတဲ့ဟာက လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေအရ နစကအစိုးရက သုံးသပ်ဆုံးဖြတ်ပေးရမှာပါ။ အဲဒီအခါမှာ မြန်မာ့နိုင်ငံရေး၊ စစ်ရေးအရှိန်အဟုန်သည် ရွေးကောက်ပွဲကြီးတစ်ခုကို ဖြစ် မြောက်နိုင်တဲ့ အနေအထား ဖြစ်အောင် ထိန်းညှိနိုင်တဲ့ အနေအထား ရောက်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် လက်ရှိအနေအထားမှာ ရှမ်းမြောက်သည်လည်းပဲ တည်ငြိမ်အေးချမ်းတဲ့ လမ်းကြောင်းတစ်ခုကို သွားနေတယ်။ တရုတ်ဘက်က ကြိုးစားမှုနဲ့ ရည်မှန်းချက်သည် ဘယ်လောက်အထိ သွားမှာလဲ။ နစက အစိုးရကလည်း သူ့ရဲ့ ခြောက်လတာ ကာလအတွင်း ဘယ်လိုအခင်းအကျင်းမျိုးနဲ့ တည်ငြိမ်အေးချမ်းမှုရှိအောင် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အနေအထားရောက်မှလဲ၊ စစ်ရေးအရ ပြေငြိမ်းအောင် လုပ်နိုင်မှာလဲ။ စစ်ရေးအရ ပေါက်မြောက်တဲ့ ကဏ္ဍတစ်ခုကို ထိုးဖောက်ဆောင်ရွက်နိုင်မှာလဲဆိုတဲ့ အနေအထားက ဖေဖော်ဝါရီ ၁ ရက်ကစပြီး မတ်လ ၃၁ ရက်အထိ နှစ်လတာ ကာလအတွင်းမှာ သူ့ရဲ့ အောင်မြင်ပေါက်မြောက်မှု အနေအထားကို သူ့ဘက်က ဆုံးဖြတ်ပါလိမ့်မယ်။ အစိုးရတစ်ရပ်ရဲ့ ဘတ်ဂျက်နှစ် အပိုင်းကတော့ ဧပြီလ ၁ ရက်ကစပြီး မတ်လ ၃၁ ရက်အထိ ငွေရေးကြေးရေးအပိုင်း ပြီးမြောက်အောင် အဲဒီကာလမှာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အဲဒီကာလမှာ ငွေရေးကြေးရေးအပိုင်း ပြတ်ပြီဆိုတာနဲ့ အစိုးရတစ်ရပ်ကို ပုံဖော်နိုင်အောင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာအပ်နှင်းပြီးမှ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေရှိမလား၊ မရှိဘူးလားဆိုတာကို လာမယ့်နှစ်လတာကာလအတွင်း နစကသည် ရွေးကောက်ပွဲ တစ်ခုကို ကျင်းပနိုင်ခြေ ရှိ၊ မရှိနဲ့ ယှဉ်ထိုးပြီးမှ ဆုံးဖြတ်မယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးနဲ့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခင်းအကျင်းကို လိုလားကြတယ်ဆိုရင် ရွေးကောက်ပွဲသည် လိုလားချက်တစ်ခု ဖြစ်လာပါတယ်။ အဲဒီ ရွေးကောက်ပွဲကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာတစ်ခုလုံးကလည်း ကြိုဆိုနေကြတယ်၊ အားပေးနေကြတဲ့ကာလမှာ အဲဒီလို အခင်းအကျင်းမျိုးဖြစ်အောင်၊ အပြောင်းအလဲတစ်ခုကို ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူထုသည်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်းကောင်း မြန်မာနိုင်ငံရဲ့ ရှေ့ရေးကို တွေးပြီးကာမှ နိုင်ငံရေးအရ တည်ငြိမ်မှုရှိအောင်၊ စစ်ရေးအရ ငြိမ်းချမ်းမှုရအောင် နှစ်ဖက်ပြိုင်တူ လှမ်းသင့်တဲ့ကာလလို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ဒီနှစ်လတာကာလကို ကြည့်ရမှာလို့ ယူဆပါတယ်။
TREND ။ ။ နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့၊ စစ်ရေးအရ ငြိမ်းချမ်းမှုရဖို့ နှစ်ဖက်ပြိုင်တူ လှမ်းသင့်တဲ့ ကာလဆိုတာက ဘယ်လို အခင်းအကျင်းမျိုးလဲ။
Dr.AM ။ ။ စစ်ရေးအရ သူ့ဘက်က ထိုးစစ်၊ ကိုယ့်ဘက်က ထိုးစစ် ရှိကြတာကိုး။ အဲဒီတော့ စစ်ရေးအရ ပြေလည်မှု လိုချင်တဲ့အခါမှာ နိုင်ငံရေးအရ ဆွေးနွေးမှုမှာ အဓိက လိုအပ်ချက်ဖြစ်တယ်။ စစ်ရေးအရ ပြေလည်မှုရဲ့ အဓိကပန်းတိုင်ဟာ နိုင်ငံရေးအရ ဖြေရှင်းမှုဖြစ်တဲ့အခါမှာ အဲဒီနှစ်ခုကို ပြိုင်တူလှမ်းဖို့ ပြောတာပါ။ စစ်ရေးအရ ပြေငြိမ်းမှုနဲ့ ပတ်သက်လို့၊ စစ်ရေးအရ ဖြေရှင်းမှုနဲ့ ပတ်သက်လို့ အဓိကသည် ညှိနှိုင်း ဆွေးနွေးမှု ဖြစ်တဲ့အခါမှာ စစ်ရေးအရ မပြေလည်မှုကို ပြိုင်တူလှမ်းပြီးတော့ ဆွေးနွေးညှိနှိုင်းနိုင်မယ်ဆိုရင် ပြေလည်မှုကို ရနိုင်မယ်လို့ သုံးသပ်တာပါ။
TREND ။ ။ အရေးပေါ်ကာလ နောက်ထပ်ခြောက်လ တိုးမြှင့်လိုက်တော့ ဒါက ဆန့်ကျင်ဘက်အဖွဲ့ အစည်းတွေအပေါ် ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်တယ်လို့ သုံးသပ်ချင်လဲ။
Dr.AM ။ ။ ခြောက်လတာ သက်တမ်းတိုး လိုက်ပြီဆိုရင် လက်ရှိအနေအထားက ရှေ့ကိုသွားမယ်။ ရွေးကောက်ပွဲကြီးက မလုပ်သေးဘူးဆိုတဲ့ သဘောမျိုး သုံးသပ်လို့ရတာပေါ့။ ခြောက်လ သက်တမ်း အလွန်ကျမှပဲ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုအပ်ပြီးမှ ရွေးကောက်ပွဲကြီးကို ကျင်းပမယ်ဆိုတဲ့ သဘော၊ တစ်နည်းအားဖြင့် ပုံမှန်ရာသီ ဒီဇင်ဘာလအထိ သွားတော့မယ် ဆိုတဲ့ ယေဘုယျအမြင် ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီကာလအထိ လက်ရှိအနေအထားကို ရွေးကောက်ပွဲကြီး တစ်ခုဖြစ်အောင်၊ တည်ငြိမ်အေးချမ်းအောင်၊ တရား ဥပဒေစိုးမိုးမှုဖြစ်အောင် လိုအပ်သလို ဆောင်ရွက်မယ်ဆိုတဲ့ ရာဇသံပေးတဲ့ သဘောမျိုးလို့ ယူဆပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းဟာ အခု မဖြစ်သေးဘူး၊ ရွေး ကောက်ပွဲကြီး ကျင်းပဖို့ လက်ရှိအနေအထားက မပေးသေးဘူး။ ဒါကြောင့် နောက်ခြောက်လတာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုဖြစ်အောင် တိုးပြီးတော့၊ ပိုပြီးတော့ အာရုံစူးစိုက်ပြီးတော့၊ ပိုပြီးတော့ ကျားကုတ် ကျားခဲရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားတဲ့ သဘောပေါ့။ ဒါကြောင့် တစ်ဖက်က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဘက်က သူတို့ဘယ်လိုနည်းနဲ့ ချဉ်းကပ်မှာလဲ ခြောက်လ တာကာလရဲ့ သူ့ရဲ့ဆောင်ရွက်မှုနဲ့ ရည်မှန်း ချက်ကို ပြောပြီးပြီ၊ သံခင်းတမန်ခင်းအားဖြင့် လာမှာ လား၊ ငြိမ်းချမ်းမှုနဲ့ လာမှာလား၊ စစ်ကို စစ်ချင်း လာမှာလားဆိုတဲ့ တစ်ဖက်အဖွဲ့အစည်းရဲ့ သဘောကို တီး ခေါက်တာလဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ လက်ရှိအနေအထား ကို ကြည့်တဲ့အခါမှာ မြောက်ပိုင်းမှာဖြစ်နေတဲ့ အနေအထားနဲ့ တရုတ်ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ညှိနှိုင်းမှု၊ ငြိမ်းချမ်းမှုဆိုတဲ့ တစ်ခုက အားကောင်းမောင်း သန်သွားနေတာ တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ နောက်မှာ MNDAA ပြီးရင် နောက်ဘယ်လောက်ကြာတဲ့အခါ TNLA နဲ့ဆွေးနွေးမယ်၊ နောက် ဘယ်လောက်ကြာတဲ့အခါ AA နဲ့ဆွေးနွေးမယ်ဆိုတဲ့ သတင်း တွေကလည်း ကောလာဟလ ကြားနေရတော့ အဲဒီလိုသဘော သွားနေတာပေါ့။ ရှမ်းမြောက်ရယ်၊ တရုတ်ပြည် ကူမင်းဘက်ကလာတဲ့ အသံတွေပေါ့ဗျာ။ အဲဒီအနေအထားနဲ့ စစ်ရေး၊ နိုင်ငံရေး အနေအထားကို ငြိမ်းချမ်းမှု တန်းတစ်ခုကို ရောက်အောင် အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေက အာရုံစူး စိုက်ပြီးဆွဲဆောင်နေပြီ။ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာ့တပ်မတော်က ဘယ်လိုသွားမှာလဲ၊ တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆန့်ကျင် ဘက် အဖွဲ့အစည်းများသည် ဘယ်လိုသွားမှာလဲဆိုတဲ့ မေးခွန်းလေးတွေ ရှိလာတာပေါ့။

အဲဒီကြားထဲမှာ လူထုသည် ဘယ်လိုချဉ်းကပ်မှာလဲ၊ ငြိမ်းချမ်းမှုကို လိုလားသလား၊ ပဋိပက္ခဖြစ်ပြီးကာမှ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ကိုယ့်ရဲ့ အသက်အန္တ ရာယ်ကင်းအောင် ခိုလှုံနိုင်တဲ့ နေရာတွေမှာ ဆက်ပြီး ခိုလှုံမှာလား၊ ဘယ်လိုသဘောနဲ့ သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြမှာလား။ ရွေး ကောက်ပွဲပြီးရင် ရွေးကောက်ပွဲ အလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရက ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ သွားမှာပေါ့။ တည်ငြိမ်မှုရှိမှ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ်။ တစ်ဖက်ကလည်းပဲ ငြိမ်းချမ်းမှုဆိုတဲ့ ရောင်ခြည်က သန်းနေပြီ၊ ဆွေးနွေးမှုနဲ့ ငြိမ်းချမ်းမှုကို ယူမှာလား၊ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် မြင်မှုနဲ့ အတူငြိမ်းချမ်းမှုကို လူထုကိုပေးမှာလား၊ တစ်ဖက်ဆန့်ကျင် ဘက်အဖွဲ့တွေက စဉ်းစားကြရမယ့်အပိုင်း ဖြစ်သွားပြီ။ ဒါကြောင့် ခြောက်လတာကာလ သက်တမ်းတိုးခြင်းသည် လူထုက ဘယ်ဘက်ကို ရွေးမှာလဲ၊ လက်နက်ကိုင်အဖွဲ့အစည်းများဘက်က ဘယ်ဘက်ကိုရွေးမှာလဲ၊ ရွေးကောက်ပွဲတစ်ခုနဲ့အတူ နိုင်ငံအပြောင်းအလဲဖြစ်အောင် တွန်းပို့ပေးကြမှာလား၊ အားပေးကူညီကြမှာလား။ (သို့မဟုတ်) ရွေးကောက်ပွဲကြီးကို ဖျက်မှာလား။ သတ်မှတ်ထားတဲ့ကာလက ဘောင်ကျဉ်းသွားပြီ။ တကယ်လို့ အကြိမ်ကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကြီး အထမမြောက်ဘူးဆိုရင် နစကအစိုးရနဲ့ မြန်မာ့တပ်မတော်က ဘာတွေ ဆက်လုပ်မှာလဲ၊ လာမယ့်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲကြီးကို တည်ဝာည် ငြိမ်ငြိမ်နဲ့ ကျင်းပနိုင်မယ့် အနေအထားရှိခဲ့ရင် ဖြစ်လာမယ့် အနေအထား၊ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင် ဖြစ်လာမယ့်အနေအထား အဲဒီမေးခွန်းတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီး နိုင်ငံအပြောင်း အလဲ တစ်ခုဖြစ်အောင် လူထုက တိုက်တွန်းသင့်တယ်၊ ပါဝင်သင့်တယ်၊ အဲဒီလိုပဲ လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ရွေးကောက်ပွဲနဲ့အတူ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ကူညီလုပ်ဆောင်သင့်တဲ့ အနေအထားတစ်ခု ရောက်လာပါပြီလို့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။
TREND ။ ။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ တရုတ်တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ကိုးကန့် MNDAA ဟာ တရားဝင်အပစ်ရပ်ခဲ့တဲ့အကြောင်းနဲ့ ကိုးကန့်တပ် လားရှိုးကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အဲဒီအခြေအနေအပေါ် ဘယ်လိုသုံးသပ်မိလဲ။
Dr.AM ။ ။ ဘယ်နိုင်ငံမဆို မိမိနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ အဲဒီအပေါ် မူတည်ပြီးမှ အချုပ်အခြာအာဏာကိုလည်း သုံးသပ်ကြတာပေါ့။ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ရဲ့ နယ်နိမိတ်ဆိုတာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ သူ့ရဲ့အချုပ်အခြာအာဏာကို သက်ဆိုင်ရာ အစိုးရက လူထုအတွက် စီမံခန့်ခွဲပေးရတဲ့သဘော ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်မှုအားလုံးသည် မြန်မာနိုင်ငံ လူထုကပဲ ဖြေရှင်းပေးရမယ့်တာဝန်၊ မြန်မာနိုင်ငံအစိုးရကပဲ ဖြေရှင်းပေးရမယ့်တာဝန် ရှိပါတယ်။ ဒါပေမဲ့လို့ နယ်စပ်ဖြစ်တဲ့ အခါမှာ တစ်နိုင်ငံဖြစ်တဲ့ကိစ္စ တစ်နိုင်ငံမှာလည်း ရိုက်ခတ်မှာ ဖြစ်ပာင်ရွက်တယ်၊ သူ့နိုင်ငံရဲ့လူထုကို ထိခိုက်တယ်။ မြန်မာနိုင်ငံထဲမှာ ဖြစ် ပျက်မှုတစ်ခုခုကြောင့် လူကုန်ကူးမှု သူ့နိုင်ငံအတွင်းမှာ ဖြစ်တယ်ါတယ်။ ဒါကြောင့်လည်း သူတို့ပြော တဲ့ ကျားဖျန့်ကိစ္စ၊ အွန်လိုင်းလိမ်လည်မှုက မြန်မာနိုင်ငံအတွင်း တစ်နေရာမှာဆေ။ မူးယစ်ဆေးဝါး သယ်ဆောင်မှု သူ့နိုင်ငံမှာ မဖြစ်ပေမယ့်လို့လည်း ဒီဘက်နိုင်ငံကစတဲ့ ပြဿနာသူ့ နိုင်ငံအတွင်းကို ကူးစက်တယ်။ အဲဒီလိုပဲ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပြဿနာတွေ ဒီဘက်ကလာ ဟိုဘက်ကိုကူး၊ ဟိုဘက်ကလာ ဒီဘက်ကို ကူးဆိုတာဖြစ်တယ်။ အဲဒါကြောင့် နှစ်နိုင်ငံ ဖြေရှင်းမှ ဖြစ်မယ်ဆိုတာနဲ့ သွားကြတာပေါ့။ အဲဒီအခါမှာ စောစောကပြောတဲ့ မြောက်ပိုင်းကိစ္စ၊ ဒီဘက်မှာဖြစ်တဲ့ ပြဿနာဟာ ဟိုဘက်မှာ ရောင်ပြန်ဟပ်တဲ့အခါမှာ ဟိုဘက်က ပူးပေါင်းပါဝင်မှပဲ သူ့အကြော၊ ကိုယ့်အကြော နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်ဆိုတာကို သိတဲ့အခါမှာ မြန်မာနိုင်ငံအစိုးရနဲ့ ညှိကြတာပေါ့။ နယ်စပ်တည်ငြိမ်မှုရှိအောင် အစိုးရချင်း ဆက်သွယ်မှုရှိတယ်။ အဲဒီလိုပဲ ကိုယ့်နိုင်ငံတွင်းကို ရောက်နေတဲ့ တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေဟာ ကိုယ့်ဘက်က ဖိအားပေးပြီးမှ ကိုယ့်ရဲ့ အကျိုးစီးပွားကို ကာကွယ်တာတို့၊ ပူးပေါင်း ဆောင်ရွက်ကြတာတို့ဟာ ရှိနိုင်တဲ့အနေအထားပါ။ အဲဒါ ကြောင့် အခု အခင်းအကျင်းကို အဲဒီအချက်အလက်တွေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကိုးကန့်ကိစ္စ၊ တစ်ဖက်ကို ရိုက်ခတ်တာ ရှိပါတယ်။ ၁၉၈၈ အရေးအခင်း ဖြစ်လာတယ်၊ ၁၉၈၉ မှာ ပြီးခဲ့တဲ့ နဝတ အစိုးရက နယ်စပ်ဒေသနဲ့ ပတ်သက်ပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် အထူးဒေသတွေ သတ်မှတ်ထားပြီးသား ရှိပါတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ မစခင်၊ ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ မစခင်ကတည်းက အနေအထား။ အဲဒီတော့ ညီလာခံကြီး ကျင်းပတယ်၊ ၂၀၀၈ အခြေခံဥပဒေ ပေါ်ထွန်းလာတယ်ဆိုတဲ့ နောက်မှာ အထူးဒေသဆိုတာ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ နိုင်ငံရေးအစိုးရတစ်ရပ်နဲ့သာ အထူးဒေသ သတ်မှတ်ထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မတိုင်ခင်ကပြဿနာကို နိုင်ငံရေးပြဿနာအနေနဲ့ ရှင်းကြအောင်ဆိုတဲ့ ရည်မှန်းချက် နဝတ၊ နယကမှာ ရှိခဲ့ဖူးတယ်။ အဲဒီ ကာလက လက်နက်ကိုင်အဖွဲ့အစည်းများကြားမှာလည်း ရှိနေလောက်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအရ ဖြေရှင်းမှုကို ပထမသက်တမ်း သမ္မတ ဦးသိန်းစိန် လက်ထက်၊ ဒုတိယသက်တမ်း NLD အစိုးရလက်ထက်တို့မှာလည်းပဲ သေချာဆွေးနွေးနိုင်ခြင်း ရှိပုံမရခဲ့ပါဘူး။ ဒါကြောင့်လည်း NCA ထိုးတာတို့၊ NCA နဲ့ပတ်သက်တဲ့ ညီလာခံတွေမှာ တစ်ဖက်က အထူးဒေသဘက်က ပုဂ္ဂိုလ်တွေတက်ခြင်း အလွန်တရာနည်းပါတယ်၊ ဆွေးနွေးနိုင်ခြင်းနည်းပါတယ်။ အဲဒါကို သုံးသပ်လို့ရှရင် အခုလက်ရှိ ရှမ်းမြောက် ကိစ္စသည် ၁၉၈၉ လောက်က သတ်မှတ်ခဲ့တဲ့ အထူးဒေ သတွေနဲ့ အခြေခံဥပဒေအရ ပေးထားချက်ပါအတိုင်းဆိုရင် အလွန်တရာ ကွာခြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံ စနစ်နှစ်မျိုးလို့တောင် သုံးသပ်လို့ရပါတယ်။ MNDAA နဲ့ဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပြဿနာကို ပြန်ကြည့်ရင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးပြီးသား ဖြစ်တယ်။
အထူးဒေသဆိုရင် ကွတ်ခိုင်တို့၊ ကောင်းခါးတို့မှာ ရှိမှာပေါ့။ ဦးအိုက်မုန်းတို့ရဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆိုတာလည်း ရှိခဲ့ဖူးတယ်။ အဲဒီတော့ ပြန်ကြည့်ရင် အခြေခံဥပဒေအရ ပေးထားချက်မှာတိုင်းရယ်၊ ဒေသရယ်ဆိုတာ ရှိပါတယ်။ 'ဝ' ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသဆိုရင် စောစောကပြောတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းတို့၊ နာဂတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာ ရှိပါတယ်။ အဲဒါကလွဲပြီးရင် ကျန်တာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကွဲလွဲနေတာ တွေ့ရမှာဖြစ်ပါတယ်။ MMDAA ဟာ သူ့ရဲ့မူလဒေသဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တို့၊ ဖောင်းဆိုင်တို့ စသည်ဖြင့်ပေါ့။ အဲဒီဒေသနဲ့ပဲပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်။ ပဋိပက္ခ ၁၀၂၇ အရှိန်မြင့်လာတဲ့အခါမှာ လားရှိုးတို့ ဒီဘက်တစ်ကြောမှာရှိတဲ့ သိန္နီတို့၊ ကွတ်ခိုင်တို့ဆိုတဲ့ ဧရိယာတွေ၊ နောက် ကျောက်မဲတို့၊ နောင်ချိုတို့၊ နမ္မတူတို့မှာ ဖြစ်ပျက်သွားတဲ့ ကာလနောက်ပိုင်း လက် နက်ကိုင်ပ ပဋိပက္ခဟာ စစ်ရေးပဋိပက္ခ အသွင်ဆန်တဲ့အခါမှာ အခြေခံဥပဒေပါ ပေးထားချက်ဆိုတဲ့ ဥစ္စာဟာ တစ်ဖက်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကိုင်ထားတဲ့ နစက တပ်မတော်သည် ဒီအခြေခံ ဥပဒေဘောင်အတွင်းက သွားရတဲ့အခါမှာ တပ်မတော်နဲ့ MNDAA ကူမင်းမှာ ဆွေးနွေးတယ်ဆိုတဲ့ ဆွေး နွေးချက်အားလုံးရဲ့ အဖြေသည် အခြေခံဥပဒေအရပဲ သွားမှာဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုးကန့် MNDAA သည် လက်ရှိအနေအ ထားမှာ စစ်အရှိန်လျော့ပြီးမှ အခြေခံဥပဒေပါ ဘောင်အတွင်းက သူ့ရဲ့ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ လိုချင်တယ်ဆိုရင် အခြေခံဥပဒေအရ အတိုင်းပဲ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာပဲ ပြန်ပြီးတော့ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီးမှ ငြိမ်းချမ်းမှုယူရ မှာ ဖြစ်ပါတယ်။ ဒါကတော့ ပေးထားချက်ဖြစ်ပါတယ်။ အဲဒါကြောင့် လက်ရှိအနေအထားမှာ ညှိနှိုင်းမှုအရ ကိုးကန့်သည် နိုင်ငံရေးဖြေရှင်းမှုတစ်ခု ရတယ်ဆိုရင် မလွဲမသွေ လားရှိုးကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိအနေအထားမှာ အခြေခံဥပဒေအရ သုံးသပ်ရင် နစကအစိုးရသည် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပေးခွင့်မရှိပါဘူး။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ပြည်နယ်လို့ ပေးခွင့်မရှိပါဘူး။ အဲဒီလိုပဲ 'ဝ'အုပ်ချုပ်ခွင့်ရ တိုင်းကလွဲပြီး မည်သည့်သတ်မှတ်ချက်မှ ပေးပိုင်ခွင့် မရှိပေမယ့်လာမယ့် ရွေးကောက်ခံ လွှတ်တော်မှာပဲ ဒီကိစ္စကိုပြေလည်အောင် ဖြေရှင်းပြီးမှ အခြေခံဥပဒေကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှ အပြောင်းအလဲတစ်ခု လုပ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
TREND ။ ။ တရုတ်ရဲ့ ကြားဝင်မှုအရ မြန်မာ့ တပ်မတော်နဲ့ TNLA ၊ AA တို့ တွေ့ဆုံဆွေးနွေးဖွယ် ရှိတယ်လို့ သတင်းထွက်နေပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေ အလားအလာနဲ့ ဒီအခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်မိလဲ။
Dr.AM ။ ။ တရုတ်ရဲ့ ကြီးကြပ်မှုအောက်မှာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားတွေပေါ့၊ တရုတ်-မြန်မာ့စီးပွားရေး စင်္ကြံရှိမယ်၊ (ရပ်ဝန်းနှင့် ပိုးလမ်းမ - Belt and Road Initiative) BRI ရှိမယ်၊ နောက် CNPC လို့ခေါ်တဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိမယ်။ အဲဒီသုံးခုက တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံရဲ့ အဓိကနေရာတွေကို ဖြတ်သန်းသွားပြီးတော့မှ အိန္ဒိယသမုဒ္ဒကို ထွက်တာပေါ့။ အဲဒီလမ်းကြောင်း သုံးခုက တော့ ထင်ရှားတဲ့ တရုတ်အကျိုးစီးပွားလည်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားလည်း ဖြစ်တာပေါ့၊ ဒါက တစ်အချက်ပါ။ အဲဒီ သုံးခုလုံးရဲ့ လမ်းတစ်လျှောက်လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ လက်ရှိပဋိပက္ခ တစ်လျှောက်လုံးကိုကြည့်ရင် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုဟာ လိုအပ်တာပေါ့။ ကိုးကန့်နဲ့ ကူမင်းမှာ ဖြေရှင်းကြတယ်၊ ဟိုင်ဂင် ၁၊ ၂၊ ၃၊ ၄၊ ၅ အထိ လုပ်ပြီးပြီ၊ အဲဒီကာလမှာတော့ဖြင့် မဟာမိတ်သုံးဖွဲ့ဟာ တပေါင်းတစည်းတည်းပဲ တစ်ဖက်ခြမ်းမှာ ထိုင်ပြီးမှ နောက်တစ်ဖက်ခြမ်းမှာ မြန်မာ့တပ်မတော်၊ သူ့ရဲ့ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ လာထိုင်ပြီး တရုတ်ရဲ့ ကြီးကြပ်မှုနဲ့ လုပ်တယ်ဆိုတာမျိုး ကြားခဲ့ရပါတယ်။ အခု MNDAA နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားပြုတဲ့အဖွဲ့ တွေ့ခြင်းသည် တစ်ဖွဲ့ချင်းစီတွေ့တာ၊ အဲဒီပုံစံကနေ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွား၊ တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်မှုနဲ့ ဒီဘက်က မြန်မာအစိုးရ ကိုယ်စားပြုတဲ့ အဖွဲ့တွေနဲ့ အဲဒီမှာ တရုတ်က ထိုင်ပေးတာ။ အသွင်တစ်မျိုး သွားတာပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွား၊ ကိုယ့်ရဲ့ရည်မှန်းချက် နိုင်ငံရေး၊ စစ်ရေးဆိုတာ တစ်ဖက်အဖွဲ့အစည်း MNDAA မှာ ရှိသွားပြီ။ တစ်ဖက်ကတော့ မြန်မာနိုင်ငံတည်ရှိနေတဲ့ အခြေခံဥပဒေ၊ လက်ရှိအနေအထား စသည်ဖြင့်နဲ့ သွားမှာပေါ့။ အဲဒီတော့ ပြေလည်မှုရသွားတယ်ဆိုရင် ကြိုးစားကြတဲ့ နှစ်ဖွဲ့လုံးအပေါ်မှာ ကျေးဇူးဥပကာရ တင်အပ်တာပေါ့။ အဲဒါက ရှမ်းမြောက်နဲ့ ပတ်သက်တဲ့ အနေအထား၊ ရှမ်းကနေ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်တစ်ခု လုံးအပေါ်မှာ တရုတ်ရဲ့အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပေါ့။ TNLA ကို ပြန်ကြည့်ရင် ရှမ်းမှာရှိ တယ်၊ တရုတ်နယ်စပ်မှာရှိတယ်။ စောစောက အကျိုးစီးပွားသုံးခုရဲ့ ကနဦး နေရာတွေမှာ ရှိတာပေါ့။ အဲဒီတော့ တရုတ်ရဲ့ ဝင်ရောက်ထိန်းသိမ်းနိုင်မှု သူ့ရဲ့အတိုင်းအတာ ကျယ်ပြောတာပေါ့။ ငွေကြေးအားဖြင့်လည်း တရုတ်ယွမ်ငွေကို သုံးနိုင်တာပေါ့။ တရုတ်ပြည်မှာလည်း သူတို့ လူမျိုးတွေ ရှိနိုင်တာပေါ့။ ကိုးကန့်နဲ့ TNLA ကို ငြိမ်းချမ်းရေး ညှိနှိုင်းမှုသည် တရုတ်ရဲ့ ကြီးကြပ်မှုအောက်မှာ ရာခိုင်နှုန်းအားဖြင့် တော်တော်လေးထဲထဲဝင်ဝင် အောင်မြင်နိုင်ခြေရှိတာပေါ့။ တစ်ဖက်က ဘင်္ဂလားပင်လယ်အော် အိန္ဒိယဘက်ကို မေးတင်တဲ့ AA တို့အနေအထား ကျတော့ BRI ရဲ့ ထွက်ပေါက်ချုပ်ပွိုင့်မှာ တည်ရှိသလို CNPC ရဲ့တကယ့်ဖြတ်လမ်းနေရာမှာ ရှိတာပေါ့။ AA နဲ့ မြန်မာ့တပ်မတော်၊ AA နဲ့ တရုတ်အကျိုးစီးပွား ဆုံ မှတ်နေရာမှာ ရခိုင်ကမ်းလွန်နဲ့ ရခိုင်ကမ်းရိုးတန်းဟာ အရေးကြီးတယ်။ စောစောက သုံးဖွဲ့မှာ သီးသန့်စီ ဆွေးနွေးမယ်ဆိုရင် AA ရဲ့ ရည်မှန်း ချက်၊ သူ့ရဲ့စစ်ရေးရည် မှန်းချက်က ဘာလဲ၊ တရုတ်က သူ့ရဲ့လမ်းကြောင်း သုံးခုနဲ့ပတ်သက်လို့ အဓိက ရည်မှန်းချက်နဲ့ ဦးတည်ချက်ကဘာလဲ၊ မြန်မာအစိုးရရဲ့ ရည်မှန်းချက်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်က ဘာလဲဆိုတဲ့ အဲဒီသုံးခုဆုံမှတ်က ရခိုင်ဒေသဖြစ်သွားပြီ၊ ဒါက လက်ရှိအနေအထားကို သုံးသပ်ကြည့်တာပါ။ အဲဒီအခါမှာ စောစောက ဆွေးနွေးပွဲရဲ့ အနေအထား သည် ကိုးကန့်နဲ့ TNLA လောက် တရုတ်ရဲ့ လွှမ်းမိုးမှုသည် AA အပေါ်မှာ ရှိနိုင်မှာလား၊ မရှိနိုင်ဘူးလား ဆိုတာကတော့ မြန်မာ့တပ်မတော်၊ တရုတ်၊ AA တို့ သုံးပွင့်ဆိုင် သူ့ဟာသူ သုံးသပ်ကြမယ်၊ ဒါက တစ်ပိုင်းပေါ့။ အဲဒီတော့ ဆုံမှတ်နေရာမှာရှိတဲ့ ရခိုင်ကမ်းရိုးတန်းက အလွန်တရာ အရေးကြီးတဲ့နေရာ ဖြစ်တော့ မြန်မာအစိုးရ၊ သူ့ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်၊ AA တို့ နှစ်ဖက်ဆွေး နွေးပွဲမှာ ထိုင်ပေးမယ့် တရုတ်ရဲ့ အနေအထားသည် သူ့ရဲ့ ပိုက်လိုင်းတစ်လျှောက်လုံးနဲ့ ပတ်သက်လို့ ရှေ့ဆက်ဘာလုပ်မှာလဲဆိုတဲ့ ရည်မှန်းချက်နဲ့ တိုက်ရိုက်ပတ် သက်လာတယ်။ ဥပမာဆိုပါစို့ အဲဒီပိုက်လိုင်းတစ်လျှောက်လုံး၊ လမ်းကြောင်း တစ်လျှောက်လုံးကို မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီများသည် အကျိုးတူ လုံခြုံမှု အကာအ ကွယ်ပေးတဲ့စီမံချက် ဘယ်လောက် ပြီးမြောက်နေပြီလဲ။ အဲဒီ ပိုက်လိုင်းတစ်လျှောက်လုံး လမ်းကြောင်းတစ်လျှောက်ရဲ့ လုံခြုံမှုကို ဘယ်လို အစီအမံနဲ့ အစိုးရနဲ့ ညှိနှိုင်းသဘောတူညီမှုရပြီးပြီလဲ။ အဲဒီအစီအစဉ်ကို ဘယ်လို ထမြောက် အကောင်အထည်ဖော်မှာလဲဆိုတဲ့ တရုတ်ရဲ့ရည်မှန်းချက်သည် တစ်ဖက် က AA ရဲ့ ရည်မှန်းချက်နဲ့ ဆန့်ကျင်မှာလားဆိုတဲ့ အပိုင်းကလည်း လာမယ့်ကာလမှာ တွေ့လာ ရနိုင်တယ်။ အဲဒီတော့ ရှမ်း မြောက်မှာရှိတဲ့ MNDAA ၊ TNLA တို့ရဲ့ အနေအထားနဲ့ AA အနေအထား မတူဘူးဆိုတဲ့ အဖြေက အလိုလိုရမှာပေါ့။ အဲဒီအပေါ်မှာ ဘယ်လောက်အထိ တရုတ်က သူ့ရဲ့ အိန္ဒိယထွက်ပေါက်အပေါ်မှာ မဟာဗျူဟာကျကျ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင် ရွက်မှာလဲ၊ တရုတ်ရဲ့ အဓိက အကျိုးစီးပွားကာကွယ်တဲ့ အစီအစဉ်သည် အဲဒီတစ်ခုလုံး အပေါ်မှာ လွှမ်းမိုးနိုင်ခြေ ရှိမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် တရုတ်ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နဲ့ BRI ရဲ့ ချုပ်ပွိုင့်ရှိတဲ့ ကျောက်ဖြူဒေသ တစ်လျှောက်လုံးမှာရှိတဲ့ ရခိုင်ကမ်းလွန်ဧရိယာ အပေါ်မှာ တရုတ်ရဲ့ စိတ်ဝင်စားမှုနဲ့ အဲဒီဒေသတစ်လျှောက်လုံးရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ်မှာ တရုတ်က ဘယ်လောက်အထိ လိုလားသလဲ၊ မြန်မာအစိုးရနဲ့ ဘယ်လိုပူးပေါင်းပြီး ဖြေရှင်းမှာလဲ ဆိုတာကဝောာ့ ဘယ်လိုပဲဖြစ်ဖြစ်လာမယ့် AA နဲ့ ဆွေးနွေးပွဲအပေါ်မှာ အများကြီးလွှမ်းမိုးနိုင်ခြေ ရှိပါတယ်။ အဲဒီအားလုံးကို ခြုံကြည့်ရင်လည်း အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းများတယ်လို့ သုံးသပ်မိပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )