၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၂၇
တပ်မတော်နှင့် AA အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ကြိုဆိုကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှသည် နှစ်ဖက်ယုံကြည်မှုရရှိကာ ငြိမ်းချမ်းမှု လုပ်ငန်းစဉ် ရေရှည်ဖြစ်စေချင်ကြောင်း ၎င်းကဆက်ပြောသည်။
“ ၂၄
နာရီမှာ ထိတွေ့မှုတွေကို ရပ်ဆိုင်းထားဖို့ပေါ့။အဲဒီလို ထိတွေ့မှုတွေကို ရပ်တယ်ဆိုတာက စစ်ဘေး ဒုက္ခသည်တွေကို ပံ့ပိုးနိုင်တာတွေ ပံ့ပိုးနိုင်အောင် ယုံကြည်မှု စတည်ဆောက်ကြတာပေါ့။ အဲဒီကစပြီး ယုံကြည်မှု ခိုင်မာသွားရင်တော့ အပစ်အ ခတ်ရပ်စဲမှုက ရေရှည်သွားနိုင်တာပေါ့။ ရေရှည်သွားရင်းနဲ့ပဲ ထိပ်သီးပုဂ္ဂိုလ်တွေက ဆွေးနွေးကြ၊ မြေပြင်မှာ လက် တွေ့တာဝန် ပေးကြတဲ့ပုဂ္ဂိုလ်တွေက ဆွေး နွေးကြနဲ့ ငြိမ်းချမ်းမှုတစ်ခု ခရီးပေါက်နိုင်မယ်ထင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထို့အပြင် စပါးရိတ်သိမ်းချိန်၊သီးနှံရိတ်သိမ်းချိန်လည်း ဖြစ်နေသည့်အတွက် ကုန်လမ်း ရေလမ်း လမ်းပိတ် ဆို့ထားမှုများကိုဖွင့်ပေးစေချင်သည်ဟု ၎င်းကဆက်ပြောသည်။
လက်ရှိအချိန်တွင် ရခိုင်မြောက်ပိုင်းက ရေလမ်းကြောင်း တစ်ချို့ကို ပိတ်ထားရာမှာ တပ်မတော်က သွားလာမှု ပေးလိုက်ကြောင်း ပြည်တွင်းသတင်းတစ်ချို့တွင် ဖော်ပြထားသည်။