

၂၀၂၂၊ ဒီဇင်ဘာ ၄
PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒေါ်အေးမာထွန်း(၂၄)နှစ်၊တမူးမြို့နေသူအား သတ်ဖြတ်ခဲ့မှုအတွက် ကလေးမြို့တွင် ယနေ့ဒီဇင်ဘာ၄ရက် နံနက် ၁၁နာရီမိနစ်၂၀ချိန်၌ ပြည်သူများက မတရားမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေပြီဟုသိရသည်။
ကလေးမြို့၊အောင်သစ္စာရပ်ကွက်၊ နယ်မြေ ၅ ၊အိမ်အမှတ်(၇၇)နေ ဂျပန်ကြီး(၃၀)နှစ်၊ PDF(Kalay) တပ်ရင်း ၁ ၏ နေအိမ်ရှေ့၌ ပြည်သူများကမတရားမှုကို လက်မခံနိုင်သည့် အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ဇွန်လခန့်တွင် တမူးမြို့၊မြို့ရှောင်လမ်း၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒေါ်အေးမာထွန်း(၂၄)နှစ်၊တမူးမြို့နေသူအား သတ်ဖြတ်ခဲ့မှုအတွက် ကျေနပ်မှုမရှိသည့် ကလေးမြို့ဒေသခံပြည်သူ ၈၀ ဦးခန့်မှ ဒေါ်အေးမာထွန်းအား ဒလန်အဖြစ် စွပ်စွဲသတ်မှတ်ကာ ယခုကဲ့သို့ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းအား ပြည်သူများအနေနှင့် NUG၊CRPH၊PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့အား အလိုမရှိကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများနှင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရှိရသည်။
( အေးမာထွန်း အသက် ၂၂ နှစ် အလုပ်ကိုင်က ကျပန်း၊ မြို့မ(၁၂)ရပ်ကွက၊်ဖြစ်စဉ်က ၂၀၂၂ခုနှစ် ၅ လပိုင်း ၈ ရက်နေ့ဖြစ် ဖြစ်စဉ်က PDF တွေ တမူးမြို့ရှောင်လမ်းမှ စစ်ဆေးနေစဉ် ် အေးမာထွန်းက ကြက်ချီးကျုံးပြီးပြန်လာ (ကြက်ချီးရောင်း) ရင်းကနေသွားရင် PDF တွေ ဖမ်းဆီးသတ်ဖြတ်် ဖြစ်စဉ်နေ့မတိုင်မီနေ့ရက်တွေ မှာာလည်း အဲမြို့ရှောင်လမ်းမှ ၂ နှစ်ရက် ၃ ရက်လောက် အေးမာထွန်းကို တွေ့ အဲဒါကြောင့်် သူတို့ကို လာထောက်လှမ်းသတင်းပေးဟု ထင်ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။)