

၂၀၂၂ ၊ဒီဇင်ဘာ၈
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန်အပိုင်း (၃) ရပ်ကွက်၊ ရတနာသိပ္ပံလမ်းရှိ သားအမိနှစ်ဦးနေထိုင်သည့် နေအိမ်တစ်အိမ်သို့ ဒီဇင်ဘာ ၆ ရက်နေ့ည ၈နာရီခွဲ အချိန်တွင် PDF (၃) ဦး ရောက်ရှိလာပြီး အိမ်ရှင်များအား “တော်လှန်ရေး ကာလအတွင်း မှာတောင် နေအိမ်ကို ပြန်ပြင်ဆောက်နေသေးတယ်။ ဒီလို အိမ်ပြင်မယ့် ပိုက်ဆံတွေကို ပြန်ပြင်ဆောက်မယ့်အစား PDF တွေကို လှူလိုက်ပါ့လား။ တော်တော်နေနိုင်တဲ့ကောင်တွေ။ မင်းတို့ မပေးတော့လည်း ငါတို့က ရတဲ့နည်းနဲ့ ယူရတာပေါ့” ဟု ခြိမ်းခြောက် ရိုက်နှက်ပြောဆိုခဲ့ပြီး နေအိမ်အတွင်းရှိ ငွေကျပ် (၂၁) သိန်းခန့် တန်ဖိုးရှိ ပစ္စည်းများအား လုယက်ယူဆောင်သွားကြောင်း သိရှိရသည်။