နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း အွန်လိုင်းစနစ်ကိုယာယီရပ်ဆိုင်း


၂၀၂၂ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သတ်ပြီး Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကိုဒီဇင်ဘာလ ၅ရကမှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်ပြီး စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် မိမိတို့ရက်ချိန်းရရှိထားသည့် ‌နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက်နိုင်ကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ရာတွင်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ၂၁-၃-၂၀၂၂ ရက်တွင် စတင်အသုံးပြုခဲ့ပါသည်။ ယခုအခါ ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်းသို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆ ဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အားလက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများမပြုလုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားပါမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43003

© 2022 - 2025 News. All Rights Reserved.