နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့များပါဝင်သော စစ်ရေယာဉ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာ



၂၀၂၂ ဒီဇင်ဘာ  ၁

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့များပါဝင်သော စစ်ရေယာဉ်(ကျန်စစ်သား) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်‌ကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့တွင် ဒီဇင်ဘာ ၆ရက်မှ ၉ရက်အထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ရေယာဥ်များတွေ့ဆုံပွဲ(International Fleet Review -IFR)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဥ် (ကျန်စစ်သား)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များကပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ နိုင်ငံတကာစစ်ရေယာဥ်များတွေ့ဆုံပွဲ(International Fleet Review -IFR)ကို မြန်မာနိုင်ငံမှ စစ်ရေယာဥ်(ကျန်စစ်သား)အပါအဝင် နိုင်ငံတကာမှ စစ်ရေယာဥ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.