နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်၅ ဖွဲ့တို့ နှစ်ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲ မနက်ဖြန်(ဒီဇင်ဘာ ၂၉)ပြုလုပ်မည်

နေပြည်တော် ၊ဒီဇင်ဘာ ၂၈
နိုင်ငံတော်၏ငြိမ်းချမ်းရေဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့တွေ့ဆုံမှုအဖြစ် မနက်ဖြန် ဒီဇင်ဘာ ၂၉ရက်တွင်နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ နှစ်ဖက်တူညီသည့်သဘော ထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှု ပထမနေ့အဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင်လည်း ကောင်း၊ ဒုတိယနေ့ တွေ့ဆုံမှု အဖြစ် ယနေ့(ဒီဇင်ဘာ ၂၈) တွင်လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်န က်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ပအိုဝ်းအ မျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယက ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)မှ စစ် ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိ ယဥက္ကဋ္ဌ ကျာဖူးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.