နွေရာသီဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် သိုလှောင်ဆည်ရေထိန်းညှိ မောင်းနှင်နေရသဖြင့် အလှည့်ကျ ဝန်အားလျှော့ချဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း YESC အသိပေး

ရန်ကုန် ၊၂၀၂၂ ဒီဇင်ဘာ ၈
ယခုကာလတွင် မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့ နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို ပြင်ဆင်ထိန်းသိမ်းလျှက်ရှိခြင်း၊ လာမည့်နွေရာသီကာလ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်ဘဲ မြန်မာနိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အားလျှော့ ချဓာတ် အားဖြန့်ဖြူး ပေးနေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC )က ယနေ့(ဒီဇင်ဘာ ၈)အသိပေး ထုတ်ပြန် ထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်အားလုံးတွင် နေ့စဉ်နံနက် (၉:) နာရီမှ ညနေ(၅)နာရီအတွင်း အုပ်စုခွဲ၍ အလှည့်ကျ ဓာတ် အားဖြန်ဖြူးပေးနေရပြီး နေ့ပိုင်းအချိန်အတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် စက်မှုဇုန်များကို ဦးစားပေး ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း၊ ညနေ (၅) နာရီမှ နောက်တစ်နေ့ နံနက်(၉) နာရီအထိ ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်စွမ်းအင်ပမာဏကို အများပြည်သူထံအတတ်နိုင်ဆုံး မျှတ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ဆေးရုံများ၊ တက္ကသိုလ် ကျောင်းများ၊ဘုရားစေတီများနှင့် အရေးကြီးဌာနဆိုင်ရာများအား တတ်အားသမျှ ၂၄နာရီ ဓါတ်အားဖြန့်ဖြူး ပေးနိုင်ရန် စီမံ ပေးထားကြောင်း YESC က အသိပေးထားသည်။
ယင်းကဲ့သို မျှတ ဓာတ်အား ဖြန့်ဖြူးနေစဉ်ကာလအတွင်း ဓာတ်အားစနစ် အတွင်းရှိ ဓာတ်အားလိုင်းများ ချိုယွင်းခြင်း၊ ဓာတ်အား ထုတ်စက် (Generator) များ ချိုယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုပျက်ပြားပြီး System Breakdown ဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန် အရေးပေါ်ဝန်အား လျှော့လျက်ဓာတ်အားပိတ်ရခြင်းကြောင့် ပြည်သူများ နေ့စဉ်လုပ်ငန်း ဆောင်တာများ အခက်အခဲဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း YESC က အသိပေးပန်ကြားထားသည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.