မီးလောင် ပျက်စီးသွားသည့်ဆီဆိုင် မြို့မဈေးကို အဆင့်မြှင့်ဈေးအဖြစ် ပြန်လည်တည်ဆောက်မည်

ရန်ကုန်၊ ဧပြီ ၃၀
    ရှမ်းပြည်နယ်အတွင်းရှိ မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့မဈေးကို အဆင့်မြှင့်မြို့မဈေးအဖြစ် ပြန်လည်တည်ဆောက်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန စိစစ်ရွေးချယ်ရေးကော်မတီမှ စိတ်ဝင်စားမှု အဆိုပြုလွှာ Expression Of Int-erest (EOI) တင်သွင်းရန် ခေါ်ယူထားသည်။
    ဆီဆိုင်မြို့ သီရိရပ်ကွက် ဦးပိုင် အမှတ်(၁၆) ပြည်ထောင်စုလမ်းမကြီးဘေး မြေဧရိယာ ၂ ဒသမ ၅၈ ဧကပေါ်ရှိ မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဆီဆိုင်မြို့မဈေး မြေနေရာပေါ်တွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံမှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်သံကူကွန်ကရစ် အဆောက်အအုံ သုံးထပ်အား တည်ဆောက်ရန် EOI ခေါ်ယူထားခြင်းဖြစ်သည်။
    စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းမည့်ကုမ္ပဏီသည် အဆိုပြုမည့်ဒီဇိုင်းပုံစံများ၊ အသေးစိတ်စီမံချက်နှင့်အတူ Power Point ဖြင့် သတ်မှတ်ရက်အတွင်း စိစစ်ရွေးချယ်ရေးကော်မတီအား ရှင်းလင်း တင်ပြနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိရမည် ဖြစ်ကြောင်း သိရသည်။
    EOI အဆိုပြု လျှောက်လွှာပုံစံများကို ဧပြီ ၂၈ ရက်မှ စတင်၍ မေလ ၂၇ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး မေ  ၂၈ ရက်တွင် အဆိုပြုလွှာများကို နောက်ဆုံးထား၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဆီဆိုင်မြို့သို့ ပေးပို့တင်သွင်းရန် စိစစ်ရွေးချယ်ရေးကော်မတီမှ အသိပေးကြေညာထားသည်။  နဒီ

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43036

© 2022 - 2025 News. All Rights Reserved.