မုံရွာ-အရာတော်-ရွှေဘိုကားလမ်းအနီးတွင် PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ပျက်စီး အပြစ်မဲ့ပြည်သူ သုံး ဦး ပြင်းထန်စွာ ဒဏ်ရာရ

၂၀၂၂ အရာ​တော်၊ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကျွန်းဖိုကျေးရွာ၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်းအနီးတွင် PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ပျက်စီးပြီး အပြစ်မဲ့ပြည်သူ သုံး ဦး ကျည်ထိမှန်ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟုသိရသည်။
ဒီဇင်ဘာ၆ရက် ညနေ ၅ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအုပ်စု၊ ကျွန်းဖိုပင်ကျေးရွာအနီး မုံရွာ-အရာတော်-ရွှေဘို ကားလမ်း မိုင်တိုင်အမှတ်(၁၉/၂) အနီးတွင် ဂျိမ်းဖောသူ ခရီးသည်ယာဉ်အား PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်လုပ်သေနတ်များဖြင့် တရပ်စပ် ပစ်ခတ်ခဲ့ရာ ၎င်းခရီးသည်ယာဉ်မောင်းမှာ ခရီးသည်များ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ကျည်ထိမှန် ဒဏ်ရာရလျက်ပင် မောင်းနှင်ထွက်ပြေးခဲ့ပြီး PDF များရန်မှ လွတ်မြောက်ခဲ့သည်။
၎င်းPDFများ၏ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသည်ယာဉ်မှာ လေကာများ ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ သုံးဦး ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.