၂၀၂၂၊ ဒီဇင်ဘာ ၁၀
မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ မြန်မာရေပြင်အတွင်း ဘင်္ဂလီ ၁၅၀ ကျော် တင်ဆောင် လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်ခဲ့၍ တပ်မတော်(ရေ) မှ ကယ်တင်ပေးခဲ့ကြောင်း သိရ သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင် ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်းကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက် ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ဘင်္ဂလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီး သည်ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံ ခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့သည်။
သတင်းရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကော်ဗက်အမျိုးအစားစစ်ရယာဉ်အား စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂလီလူမျိုးလူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်း တင်ဆောင်၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေး မွေးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
အထက်ပါ ဘင်္ဂလီလူမျိုးများအား မြိတ်မြို့အနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သောအဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘင်္ဂလီလူမျိုးများသည် ဘင်္ဂလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှ ထွက်ခွာလာခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။