ဝက်လက်မြိုနယ်တွင် ရပ်/ကျေးစာရေးတစ်ဦးအားPDFကလည်လှီးသတ်ဖြတ်

၂၀၂၂၊ဒီဇင်ဘာ၂၀

စစ်ကိုင်းတိုင်းဒေသကြီးဝက်လက်မြိုနယ်သဖန်းကုန်းကျေးရွာနေ ရပ်ကျေးစာရေးတစ်ဦးကိုPDFကခေါင်း ဖြတ်သတ်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ၁၉ရက် မွန်းလွဲ၃နာရီခန့်က ရပ်ကျေးစာရေးဖြစ်သူ ဦးအောင်ကျော်ဇင်နှင့် ဦးအောင်စိုးတိုသည် အခြားရွာသို သုံးဘီးဆိုင်ကယ်ဖြင့်စပါးများပိုပြီး သဖန်းကုန်းကျေးရွာသို အပြန် မူးဘောင်တံတားပေါ်အရောက်PDFများက ဦးအောင်ကျော်ဇင်အားအနောက်မြောက်ဘက်၄မိုင်အကွာသိုခေါ်ဆောင်သွားခဲ့သည်။ဦးအောင်ကျော်ဇင်နှင့်အတူပါလာသူအားသုံးဘီးဆိုင်ကယ်ဖြင့် ပြန်လွှတ်ခဲ့ပြီး ဦးအောင်ကျော်ဇင်ကို ဖမ်းဆီးထားခဲ့သည်။ယင်းနှင့်ပတ်သက်ပြီးဦးအောင်ကျော်ဇင်ကို

ပြန်လည်ကယ်ဆယ်နိုင်ရေး ကြိုးပမ်းခဲ့ကြရာမန်ကျီးတုံကျေးရွာနှင့်တိုက်ကုန်းကျေးရွာကြားမူးဘောင်မြေသားလမ်း၌PDF၆ဦးကဦးအောင်ကျော်ဇင်ကိုလည်လှီးသတ်ဖြတ်းထားသည်ကိုတွေ့ရသည်။ယင်းနှင့်ပတ်သက်ပြီးသက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူများအားအမြန်ဆုံးဖမ်း ဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43029

© 2022 - 2025 News. All Rights Reserved.