သာစည်မြိုနယ်တွင် Toyota Hiace မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၉ ဒသမ ၅) သိန်း ဖမ်းဆီး ရမိ

၂၀၂၂ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်တွင် Toyota Hiace မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၁ ဒသမ ၄ ဘီလီ ယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲမှ သိရသည်။
တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည်ဘက်သို ပန်းစိန် မောင်းနှင်ပြီး မစံပယ်ဖြူ လိုက်ပါလာသည့် Toyota Hiace မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာ လတန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၅ သိန်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.