သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြား ကျောက်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ လမ်းပိုင်းပျက်စီး ၊ ရန်ကုန် - မော်လမြိုင် အစုန်အဆန် ညရထားခရီးစဥ်များ ဖျက်သိမ်းထားရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ည က ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ် နှင့် ဒုံးဝန်း ဘူတာကြားတွင် ကျောက်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ လမ်းပိုင်းပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁၂ရက်နေ့ ထွက်ခွာသည့် ရန်ကုန် - မော်လမြိုင် အစုန်အဆန် ညရထား ၂ စင်းလုံး ခရီးစဥ် ဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ အသိပေးထားသည်။
ထို့အပြင် ယခုအချိန်အထိ ပျက်ဆီးသွားသော ရထားလမ်းများကို ပြင်ဆင်လို့ မပြီးသေးပါသဖြင့် ဒီဇင်ဘာ၁၃ ရက်နေ့ ထွက်ခွာမယ့် ရန်ကုန် - မော်လမြိုင် အစုန်အဆန် နေ့ရထား ၂ စင်းလုံး ခရီးစဥ်များလည်း ထပ်မံဖျက်သိမ်းထားရကြောင်း သိရသည်။
လက်ရှိတွင် လမ်းပိုင်းအမြန်ဆုံး ဖွင့်လှစ်နိူင်ရန်အတွက် မြန်မာ့မီးရထားမှ အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

Total Views ~ 188

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.