အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၃ခုကို တစ်ရက်တည်း တစ်ပြိုင်တည်း ဖွင့်လှစ်


၂၀၂၂ ဒီဇင်ဘာ ၁ ။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(သန်လျင်)တို့ကို နိုဝင်ဘာ ၃၀ ရက်က တစ်ရက်တည်း တစ်ပြိုင်တည်း ဖွင့်ပွဲအခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။
စက်မှုလက်မှုသိပ္ပံ(တောင်ငူ) ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင် ရာ တာဝန်ရှိသူများကလည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ထားဝယ်)နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကာ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၃ခုဖွင့်လှစ်လိုက်သည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် နည်းပညာ ကျွမ်းကျင်သည့် ပညာ တတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့်ကျောင်း များတိုးချဲ့ ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား ကျောင်းသူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများပိုမိုရရှိစေရန်၊ နည်းပညာနှင့်သက်မွေးပညာရပ်များကို လေ့လာသင် ယူခွင့်ရရှိစေရန် နည်းပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43002

© 2022 - 2025 News. All Rights Reserved.