အမြင်မှန်အမြန်ရပါတော့ လရှီးလ

၂၀၂၂၊ဒီဇင်ဘာ ၂၈
လုပ်ချလိုက်ပြန်ပြီလရှီးလ။ခင်ဗျားရဲ့အယူအဆ၊ အတွေးအခေါ်ကတော့အတော်လာသားပဲ။ ခက်တာက ကိုယ်စီးတဲ့မြင်းကိုအထီးအမမှန်းမသိ တာပဲ။
စစ်ကောင်စီရဲ့ဗဟိုချက်ကို ကိုင်လှုပ်နိုင်ဖို့လိုတယ်ဆိုတာရယ်၊ အဖျားသားအနားသားတွေသာ ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကိုလှဲပစ်နိုင်ဖို့လည်းလိုတယ်ဆိုတာရယ်ဟာ သိပ်မှန်တဲ့စကားပါ။
ဒီသဘာဝကိုသမ္မတကြီး လရှီးလမပြောနဲ့။ သူတောင်းစားတောင်သိတဲ့ကိစ္စ။ ဖြစ်နိုင်ခြေရှိမရှိ ချိန်ဆနိုင်မှသာအောင်မြင်မှု ရမှာပါ ။
ဆိုလိုချင်တာက အခြေအနေမှန်ကိုသိမှသာ လုပ်ရမည့် လုပ်ငန်းစဥ်ကို ချိန်ဆနိုင်မှာမဟုတ်ပါလား။ တောင်းစားလို့ကောင်းအောင် ငါတို့နိုင်တော့မှာ နိုင်တော့မှာနဲ့ တော်လှန်ရေးကြီးပဲ ကြွေးကြော်မနေပါနဲ့။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဘာလုပ်သင့်သလဲသာ စဥ်းစားပါ လရှီးလ။ တော်လှန်ရေး တစ်နှစ်ကျော်ကာလအတွင်းမှာ ဘုမသိဘမသိနဲ့ ခင်ဗျားတို့မြှောက်ပေးလို့ပါလာတဲ့လူငယ်တွေဘယ်လောက်သေနေပြီလဲ။ တိုင်းသူပြည်သားတွေ ခင်ဗျားတို့မြှောက်ပေးခဲ့တဲ့ PDF တွေကြောင့် ဘယ်လောက်ဒုက္ခရောက်နေပြီလဲ။
တစ်ခုတော့အကြံပေးပါရစေဗျာ။
ဘာလက်နက်မှမရှိတဲ့ ပြည်သူတွေကိုအနိုင်ကျင့်သတ်ဖြတ်နေမဲ့အစားအခုခင်ဗျားပြောသလို ဗဟိုချက်ကိုချဖို့ များများ လုပ်ကြပါလို့ PDF တွေကိုပြောပေးပါလားဗျာ။ သတ္တိရှိရင်ပေါ့။
အခု ခင်ဗျားတပည့်တွေအနေနဲ့ ဘာလက်နက်မှမရရှိ၊ ဘာမှ မတုန့်ပြန်နိုင်တဲ့ ပြည်သူလူထုကို ဒလန်သတင်းပေးလို့စွပ်စွဲပြီး ခြိမ်း
ခြောက် သတ်ဖြတ်နေတာကိုတော့ လရှီးလ မသိဘဲမနေလောက်ဖူးထင်ပါတယ်။
ပြောတော့တော်လှန်ရေး။ လုပ်နေတာက လူသတ်၊ လုယက်၊ ဓားပြတိုက်။ ဆင်ခြင်စဥ်းစားပါလရှီးလ။
မောင်စိန်ဒင်

Total Views ~ 256

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.