အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် မလေးရှား လက်ရွေးစင် အသင်းသည် ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
မလေးရှား လက်ရွေးစင် အသင်းသည် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်တွင် တည်းခိုနေထိုင်ပြီး ယနေ့(
ဒီဇင်ဘာ ၂၀)ညနေ ၄း၃၀ နာရီ သုဝဏ္ဏ အားကစားကွင်းတွင် Official Training ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့သည်ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲ အချိန် သုဝဏ္ဏ အားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။