အီရတ်နိုင်ငံတွင် အိမ်အကူသွားရောက်လုပ်ကိုင်ရင်းအခက်အခဲ အမျိုးမျိုးကြုံနေရသည့်အတွက် နေရပ်ပြန်လိုကြသည့် မြန်မာမိန်းကလေး ၃ ဦးအနက် ၁ဦးနှင့် အဆက် အသွယ်ရရှိထားပြီးကျန် ၂ ဦးနှင့်အဆက် အသွယ်မရရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အီရတ်နိုင်ငံတွင် အိမ်အကူသွားရောက်လုပ် ကိုင်သည့် မြန်မာမိန်းကလေး ၃ ဦးအနက် မစုမွန်ထွေး နှင့်အဆက်အသွယ်ရရှိခဲ့ပြီး လေယာဉ်လက်မှတ် ကိုယ်တိုင်ဝယ်၍ပြန်ရန် သဘောတူချက်ရပြီးဖြစ်ကြောင်း၀န်ကြီးဌာန အသိပေးသတင်းထုတ်ပြန်ထားသည်။
သို့သော်လည်းကျန် ၂ ဦးမှာအဆက်အသွယ်မရရှိသေးကြောင်းနှင့် မစုမွန်ထွေးထံမှသိရသည်မှာလည်း ၎င်းနှင့်အဆက်အသွယ်မရရှိကြောင်းနှင့် ဖုန်းများသိမ်းထားသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ကိုလည်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထား သည်။