ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၆ ရက် နံနက် ၆နာရီခွဲ အချိန်တွင် ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာ ခမ(ကေဂျီ-၀၆၆၄၆၂)သို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)ခန့်ရွာ၏အနောက်တောင်ဘက်မှ ရောက်ရှိလာပြီး ကျေးရွာသားများအား စုဝေးကာရွာပြင်သို့ထွက်ရန် ခြိမ်းခြောက်ပြောဆို၍ တပ်မတော်နှင့် လုံခြုံရေး
စစ်ကြောင်းများအား အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ချက်ဖြင့် ကျေးရွာအတွင်းရှိ လူနေအိမ်များအား
မီးရှို့ဖျက်ဆီးခဲ့ရာပိုင်ရှင်(စိစစ်ဆဲ)လူနေအိမ် ၄၀ လုံးခန့်၊ လက်တွန်းထွန်စက်၆ စီး၊ စပါးချွေလှေ့စက် ၁ လုံး၊ ဆိုင်ကယ် ၂၀ စီး၊ မီးစက် ၂ လုံးနှင့် စပါးတင်း
၁၀၀၀ ခန့်၊ စုစုပေါင်း ကာလတန်ဖိုး(စိစစ်ဆဲ)ခန့် မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် အကြမ်းဖက်အဖွဲ့မှာ
၎င်းတို့လာရာ လမ်းအတိုင်းရွာ၏ အနောက်တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာ၌ အိမ်ခြေ ၆၂ လုံး၊ အိမ်ထောင်စု ၆၂ စု၊
လူဦးရေ ကျား ၁၂၀ ဦး၊ မ ၁၆၀ ဦး၊ ပေါင်း ၂၈၀ ဦး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် အမက ၁ ကျောင်း(ဖွင့်လှစ်နိုင်ခြင်းမရှိ)တို့ရှိပြီး မီးဘေးသင့်ပြည်သူများမှာ
ကျေးရွာဘုန်းကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်
များ၌နေထိုင်လျက်ရှိကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်အဖွဲ့၏သတင်းဆက်ရရှိရေး ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး
ပြေဦး ဦးစီးအဖွဲ့ဖြင့် သတင်း
စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။